Entries by ndb14

အစုအပြုံ အသတ်ခံရတဲ့အထဲပါတဲ့ ညီအစ်ကိုသုံးဦးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးနဲ့ မေးမြန်းချက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ဘေးရှောင်ရင်း ဒေသခံရွာသား ၁၂ ယောက်တို့ရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ မနေ့က ဇူလိုင် ၃၁ ရက်မှာ ရွာသားတွေက ရှာဖွေတွေ့ခဲ့ရပါတယ်။ အဲဒီထဲက ညီအစ်ကို အရင်း သုံးယောက်တို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကို မေးမြန်းထားပါတယ်။ ညီအစ်ကိုသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ။ သူတို့မိသားစု စားဝတ်နေရေးအတွက် တောထဲမှာ တောင်သူလုပ်ရင်း မီးသွေးခုတ်ရင်းနဲ့ အလုပ်လုပ် နေတာပါ။ အဲလိုနေရင်းနဲ့မှ အဖမ်းခံရတာ။ ၂၈ ရက်နေ့က။ အဲနေ့မှာပဲ နေ့ချင်းပဲ သေတာပါရှင့်။ သေဆုံးတယ်ဆိုတာ သတင်းကတော့ သေပြီးပြီဆိုတဲ့ သတင်းပဲ ကြားရသေးတယ်။ ကျွန်မတို့ မျက်မြင် မတွေ့ရသေးဘူး။ သူတို့ကို မီးကို မသင်္ဂြိုဟ်ရဲသေးဘူး။ အဲနားကို ဘယ်သူမှ မကပ်ရဲကြဘူး။ […]

ကျန်းမာရေးသည် လူ့အခွင့်အရေးပင်ဖြစ်သည်။ မြန်မာစစ်အာဏာရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို တုန့်ပြန်ရာတွင် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်နေခြင်း

နိုင်ငံရှိ စစ်တပ်၊ ရဲအစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်း ထန်ထန် ကျူးလွန်နေသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း လူအသေအပျောက် များပြားလာခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ခြိမ်းခြောက်နေပြန်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် လူနာများကို ကုသပေးသည့် ကျန်းမာရေး လုပ်သားများအား စစ်အာဏာရှင်များက ဖိနှပ်ချုပ်ခြယ် ထိန်းချုပ်ထားသည်။ ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုက ပြည်သူလူထု၏ အသက်ကယ်ဆယ်ရေးအတွက် သေ ရေးရှင်ရေးတမျှ အရေးကြီးသည်။ တိုင်းပြည်၏ သူရဲကောင်းများဖြစ်သည့် ကျန်းမာရေးနယ်ပယ်တွင် ကျွမ်း ကျင်သူများ ကို ကူညီရမည့်အစား စစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရွေးချယ် ဦးထိပ်ပန်ဆင် လျှက်ရှိသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစပြီး စစ်တပ်၏ တရားမဝင် ထင်ရာစိုင်း အုပ်စိုးမှုကြောင့် ပရမ်းပတာ၊ ဝရုန်းသုန်း […]

ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း

မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ပုံကို ပြစ်တင်ရှုံ့ချထားသော“ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ ကို မည်သို့ ချိုးဖောက်နေကြောင်း” ဖော်ပြထားသည့်စာတန်းငယ်တစောင် ကို လူ့အခွင့်အရေးမှတ် တမ်းကွန်ရက် (မြန်မာနိုင်ငံ), (ND-Burma) မှ ထုတ်ပြန်သည်။   ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးချိန်မှစပြီး တိုင်းပြည် မတည်ငြိမ်မှုနှင့် ပရမ်းပ တာ ဖြစ်နေချိန်တွင် ပြည်သူလူထုသည် မိမိတို့ဘာသာ မိမိတို့ ကာကွယ်နေရသည်။ ကိုဗစ်-၁၉ ကပ် ရောဂါသည် ပြည်သူများ နောက်ဆုံးတိုက်ပွဲဝင်နေရသည့် ရောဂါဖြစ်သည်။ “ကိုဗစ်-၁၉ ကပ်ရောဂါ အား တုန့်ပြန်ရာတွင် စစ်အာဏာရှင်များက လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ […]

အကျဉ်းထောင်များ အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉ ဦး ရှိလာ

By ဧရာဝတီ 26 July 2021 အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ၉ ဦး ရှိပြီဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၂၆ ရက်) ထုတ် စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ထုတ်ပြန်ထားသည်။ ကိုဗစ်-၁၉ တတိယလှိုင်းအနေဖြင့် ကူးစက်မှု မြင့်တက်နေချိန်တွင် နိုင်ငံတဝှမ်း အကျဉ်းထောင်၊ အချုပ်ထောင်များအ တွင်း ဇူလိုင် ၁၅ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၅၆၆ ဦး ရှိလာပြီး ၃၁၄ ဦးမှာ ဆက်လက် ကုသနေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အာဏာသိမ်းစစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက် ပြောကြားချက်အရ ထောင်များအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေ ဆုံးသူ ၆ ဦးသာ ရှိခဲ့ရာမှ ငါးရက်အတွင်း ၃ […]

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် (ဇူလိုင် ၁၉-၂၅) ၂၀၂၁

အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ဆေး၀ါး၊ ကာကွယ်ဆေးများ၊ အောက်ဆီဂျင်နှင့် တစ်ခြားသော ကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းများ အပါအ၀င် ကိုဗစ်ထိန်းချုပ်ကုသရေးကို အရပ်သားပြည်သူများမရရှိအောင် တားဆီးပိတ်ပင်ထားဆဲဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည်။ အရေးပေါ်လိုအပ်လျက်ရှိသော ဆေး၀ါးပစ္စည်းများကို တားဆီးပိတ်ပင်မှုကြောင့် ပြည်သူများသည် ဆေး၀ါးများကို စျေးကြီးပေး၀ယ်နေရသည်။ အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တုန့်ပြန်ဆောင်ရွက်ခြင်းမရှိပါ။ နိုင်ငံတကာမှ ကြား၀င်ဆောင်ရွက်ပေးရန် အရေးပေါ်လိုအပ်သည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြပွဲနှင့်ပတ်သက်၍ အရေးပေါ်ထုတ်ပြန်ချက်

၂၃၊ ဇူလိုင်၊ ၂၀၂၁ ယနေ့ ဇူလိုင် (၂၃) ရက် နံနက် ၈ နာရီခန့်အချိန်တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းထားသော အင်းစိန်သီးသန့်ထောင်၏ အမျိုးသမီးဆောင်မှ စတင်၍ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်တစ်ခုလုံး ပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့လည်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်းသို့ စစ်ကားများ ဝင်ရောက်၍ ထောင်ကို စီးနင်းမှုပြုလုပ်ကာ ထောင်ရှိလက်နက်များအားလုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း အကျဉ်းဦးစီးဌာန၏ ဝန်ထမ်း တချို့က အတည်ပြုပြောဆိုခဲ့သည်။ အင်းစိန်ထောင်၏ အမျိုးသမီးအဆောင် နှစ်ဆောင်တွင် COVID-19 ရောဂါ […]

မင်းတပ်စစ်ရှောင်တွေ ကုလအကူအညီရရေး ညှိနှိုင်းပေးမယ်လို့ မြို့မိမြို့ဖ ကမ်းလှမ်း

ချင်းပြည်နယ် မင်းတပ်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRကနေ စစ်ဘေးရှောင် ကူညီရေး စခန်းတွေအတွက် သယ်ဆောင်လာတဲ့ပစ္စည်းတွေမှာ တချို့ဟာ စစ်ကောင်စီဘက်က ခွင့်ပြုချက်မရလို့ ဒုက္ခသည်တွေဆီ အကုန်မရောက်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီမနက်မှာ ဝေခွဲရေးတွေ လုပ်နေပေမဲ့ လက်ရှိ ထောက်ပံ့နေတဲ့ပစ္စည်းတွေဟာ မြို့ပေါ်က စစ်ကောင်စီသတ်မှတ်ထားတဲ့ စစ်ဘေးရှောင်စခန်း ၈ ခုအတွက်ပဲဖြစ်ပြီး ကျန်တောတောင်တွေထဲ ပုန်းနေရသူနဲ့ မင်းတပ်အနီးအနားက ရွာတွေအတွက်တော့ မရောက်နိုင်ဖြစ်တယ်လို့ မင်းတပ်မြို့ ခရစ်ယာန် သာသနာပြု ဆရာတော် ရှယ်ဟာဟုမ်းက ပြောပါတယ်။ အခုကိစ္စ နဲ့ ပတ်သက်လို့ မြို့မိမြိုဖတွေဘက်က နှစ်ဖက်လက်ခံမယ်ဆိုရင် ဝင်ရောက်ညှိနှိုင်းပေးဖို့ အသင့်ဖြစ်တယ်လို့ ဆရာတော် ရှယ်ဟာဟုမ်းက ဆိုပါတယ်။ လုံခြုံရေးအခြေအနေ တာဝန်မယူနိုင်တာကြောင့် ကျန်စစ်ရှောင် စခန်းတွေဆီ ပို့ဆောင်ရေး ခက်ခဲနေတာဖြစ်တယ်လို့ […]

ရန်ကုန်မြို့တွင် အဝါရောင်အလံထောင်ပြီး အကူအညီတောင်းခံသူများရှိလာ

အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်ပါက အဝါရောင်အမှတ်အသားပြု အလံထောင်ထားခြင်းဖြင့် ဘေးပတ်ဝန်းကျင်မှ တွေ့ရှိကာ အဆင့်ဆင့် ဆက်သွယ်ကူညီပေးနိုင်မည်ဖြစ်သည် ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေ ဆက်လက်ဆိုးရွားလျက်ရှိရာ မိသားစုလိုက် (သို့မဟုတ်) မိသားစုဝင်အများစု မကျန်းမာသောကြောင့် နေအိမ်တိုက်ခန်းများတွင် အဝါရောင်အလံထောင်ကာ အကူအညီတောင်းခံသူ များပြားလာသည်။ ယနေ့ (ဇူလိုင် ၂၀) တွင် တောင်ဥက္ကလာ၊ တာမွေ(မေတ္တာညွန့်)၊ လှိုင်၊ မရမ်းကုန်း(သမိုင်း) ၊ ရွှေပြည်သာ ၊ သာကေတ၊ လှိုင်သာယာ အစရှိသည့် မြို့နယ်များတွင် အကူအညီလိုအပ်သူများက နေအိမ်အခန်းများရှေ့တွင် အဝါရောင်အမှတ်အသားဖြင့် အလံထောင်ထားပုံများ လူမှုကွန်ရက်တွင် တွေ့ရှိရသည်။ တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်သီတာက မိသားစုလိုက် ဖျားနာပြီး ချောင်းဆိုးခြင်း၊ […]

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် (ဇူလိုင် ၁၂-၁၈) ၂၀၂၁

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာပြည်သူတို့ဘ၀ကို ဆိုး၀ါးစွာထိခိုက်စေမှုသည် အကြမ်းဖက်စစ်ကောင်စီ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုနှင့် ပြည်သူအား ကာကွယ်လိုစိတ်မရှိကြောင်းကို ဆက်လက်သက်သေပြနေသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ ဆေး၀ါးနှင့် ပစ္စည်းများ ပိတ်ပင်ထားဆီးခံနေရပြီး ကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေသည်။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ဆေး၀ါးပစ္စည်းများကို လက်၀ါးကြီးအုပ် ထိန်းချုပ်သိုလှောင်ပြီး မိမိ၏ကိုယ်ကျိုးအတွက်သာ စိတ်၀င်စားသည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

ကိုဗစ်လူနာဟန်ဆောင်၍ CDM ဆရာဝန်များကိုဖမ်းဆီ

ကိုဗစ်နိုင်တင်း ကာကွယ်၊ ကုသရေးလုပ်ဆောင်နေသည့်အဖွဲ့ကို ထောင်ချောက်ဆင်၍ နေရာတစ်ခုသို့ ဖုန်းဆက်ချိန်းဆိုကာ စစ်ကောင်စီက ဖမ်းခဲ့ခြင်းဖြစ်သည် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ယနေ့ (ဇူလိုင် ၁၉) နံနက်ပိုင်းက Covid 19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး အဖွဲ့ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။ ယနေ့ နံနက် ၁၀ နာရီခန့်က ကိုဗစ်သံသယ အရေးပေါ်လူနာရှိသည်ဟု ဖုန်းဆက်သဖြင့် အဆိုပါအဖွဲ့၏ မြေပြင်ကုသရေးဆရာဝန်သုံးဦး (အမျိုးသား) နှင့် ယာဉ်မောင်းဖြစ်သူတို့ လူနာတင်ယာဉ်တစ်စီးဖြင့် ချိန်းဆိုသည့် တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်ခဲ့ရာတွင် ထိုသို့ဖမ်းခံရခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။ “ဟိုရောက်လည်းရောက်ရော ၂ လွှာအိမ် အပေါ်ထပ်ကို ခေါ်တယ်။ ယာဉ်မောင်းကတော့ ကားနဲ့ အောက်မှာ စောင့်နေတယ်။ အပေါ်ဆုံးထပ်လည်းရောက်ရော တံခါးတွေအကုန်ပိတ်လိုက်တယ်။ […]