Entries by ndb14

,

တန့်ဆည်ရှိ ရွာလေးရွာတွင် အိမ်ခြေ ၈၀ နီးပါး စစ်တပ်မီးရှို့သွား

ဖေဖော်ဝါရီလဆန်းမှစ၍ အင်အား ၁၅၀ ခန့်ဖြင့် ထိုဒေသသို့ ရောက်လာသည့် စစ်ကြောင်းက နှစ်ပတ်အတွင်း ထိုသို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း ရွာခံနှင့် PDF တို့က အတည်ပြုသည်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် နှစ်ပတ်အတွင်း စစ်တပ်က မီးရှို့သည့် ကျေးရွာလေးရွာအထိ ရှိနေပြီး အိမ်ခြေ ၈၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရွာခံနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အတည်ပြုသည်။ ထိုဒေသအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အင်အား ၁၅၀ နီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းက တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကာ ပုတီးရွာတွင် အိမ် ၂၀ နီးပါး၊ ပေချောင်ရွာတွင် လေးလုံး၊ ခရုတောရွာတွင် ၁၅ လုံးနှင့် ကပေါင်းကျရွာ ၃၉ လုံး မီးရှို့ခံရသည်ဟု တန့်ဆည် PDF […]

ရခိုင်စစ်ဘေးရှောင်တချို့ ထောက်ပံ့မှုမရ‌၍ အခက်အခဲဖြစ်

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တို့ စစ်ဒဏ် အလူးအလဲခံခဲ့ရပြီး စစ်အာဏာသိမ်းမှုဒဏ်ကိုပါ ဆက်လက်ရင်ဆိုင်နေရချိန်တွင် ၎င်းတို့ကို ကူညီထောက်ပံ့မှုများသည်လည်း ကန့်သတ်ခံနေရသည် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် အကူအညီအထောက်အပံ့များ မရတော့သလို ယာယီခိုလှုံနေသည့်တဲအိမ်များမှာ ပျက်စီးယိုယွင်းနေသောကြောင့် ပြုပြင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ယခင်နှစ်များကဲ့သို့ မည်သည့်အဖွဲ့အစည်းမှ လာရောက်လှူဒါန်းခြင်းမရှိတော့ကြောင်း မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “နေအိမ်တွေလည်းပြိုနေပြီ။ စခန်းထဲမှာဆိုလည်း တံတားတွေ ထိုးထားရတယ်ဆိုတော့ အဲဒီတံတားလည်း ပြိုနေပြီ။ စားဝတ်နေရေးလည်း အခက်အခဲဖြစ်တယ်” ဟု  အမည်မဖော်လိုသော ထိုအမျိုးသမီးက ဆိုသည်။ “မနှစ်ကဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့တွေကလာလှူကြတယ်။ အခုဆိုရင် ဘယ်အဖွဲ့မှ မရောက်တော့ဘူး။ ဘာကြောင့်မရောက်တာလဲဆိုတာကို ကျွန်မတို့လည်း အတိအကျမသိဘူး” အသက် ၄၀ အရွယ် […]

စစ်ကောင်စီလွတ်ငြိမ်း နိုင်/ကျဉ်းများမပါဘဲ ပြစ်မှုအကျဉ်သားများသာ လွှတ်ပေး

အာဏာသိမ်း စစ်ကောင်စီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၈၀၀ ကျော်အား လွတ်ငြိမ်းခွင့် ပြုပေးရာတွင် ပြစ်မှုအကျဉ်းသားများသာ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အား ကိုင်စွဲကာ ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးနှင့် အင်း စိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၇ ဦးတို့အား “နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသည့် စည်းကမ်းသတ်မှတ် ချက်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင်း ဖမ်းဆီးတရားစွဲဆိုခံရသူများအား ရှေ့နေအဖြစ် လိုက် ပါဆောင်ရွက်ပေးနေသူ တဦးက “သဘောက နိုင်ငံတကာကိုတော့ […]

,

“ကမ္ဘာကြီး သိပါစေ”

မြန်မာစစ်တပ်သည် အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်တလျှောက် ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ဖြိုခွင်းတတ်သည့် အစဉ်အလာရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ကာလကြာရှည်စွာ ဆွေးနွေးညှိနှိုင်းနေသော်လည်း စစ်တပ်၏ လွဲမှားစွာ တည်ဆောက်ထားသည့် အတွေးအမြင်မှ ကျော်လွန်ပြီး ဆွေးနွေးဖက်များ၏ အသံကို နားထောင် လေ့မရှိပေ။စစ်အာဏာရှင်တို့သည် အရပ်သားပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်နေကြပြီး နိုင်ငံတကာ ရာဇဝတ်မှုကို မရပ်မနား ချိုးဖောက်နေကြသည်။ လွန်ခဲ့သည့် တနှစ်ခန့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြန်မာစစ်တပ်သည် တိုတောင်းစွာ ရှင်သန်ခဲ့သည့် ဒီမိုကရေစီကာလကို ဖြိုချပစ်ခဲ့သည်။ စစ်တပ်သည် ဒီမိုကရေစီနည်းကျရွေးချယ်ခံရသည့် ခေါင်းဆောင်များကို ဖမ်းဆီးပြီး သက်သေမပြနိုင်သည့် “ရွေးကောက်ပွဲ မသမာမှုရှိသည်”ဟု ဆိုကာအာဏာ သိမ်းခဲ့သည်။  အကြောင်းပြချက်မှာ မခိုင်လုံဘဲ စစ်တပ်အနေဖြင့်အာဏာငန်းငန်းတက်ပြီး […]

ကရင်နီလူ့အခွင့်အရေးအဖွဲ့ နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)တို့ ပူးတွဲထုတ်ပြန် သည့် အစီရင်ခံစာတွင် ကရင်နီ (ကယား) ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံရန် တောင်းဆိုထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ထုတ်ပြန်ချက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG), လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့သည် ဒေသခံအမျိုးသမီးအဖွဲ့အစည်းတခုမှ ပေးပို့သည့် သတင်းအချက်အလက်များ ပေါင်းစပ်၍ “ကမ္ဘာကြီး သိပါစေ” ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်သည်။ ကရင်နီ (ကယား) ပြည် နယ်တွင် စစ်အာဏာရှင်တို့မှ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန် ချိုးဖောက်သည့် အထောက်အထားများကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရပ်သား ပြည်သူ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ များပြားလာခြင်းကို ရှုံ့ချပြီး အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုသည်။ ၂၀၂၁ ခုနှစ် မေလမှစပြီး ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်။ မြန်မာ ပြည်ရှိ အသေးငယ်ဆုံး […]

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ

ဖေဖော်၀ါရီလ ၁ ရက်သည် ဥပဒေမဲ့ အာဏာသိမ်းသည့် ၃၆၅ ရက်နေ့ပြည့်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာရှင်သည် တစ်နှစ်ပတ်လုံး ဆန့်ကျင်တော်လှန်လှုပ်ရှားမှုကို ချေမှုန်းရန် ဒါဇင်နှင့်ချီသော အကြမ်ဖက်သည့် နည်းပရိယာယ်များကို အသုံးပြုခဲ့သည်။ အကြမ်းဖက် ဖိနှိပ်မှုများ မည်မျှပင် ပြင်းထန်နေစေကာမူ နွေဦးတော်လှန်ရေးစိတ်ဓါတ်ဖြင့် အာဏာရှင်ကို ဆက်လက်တော်လှန်နေကြသည်။ ငြိမ်းချမ်းစွာနေထိုင်ပိုင်ခွင့်ကို အရှုံးပေးရန် မထိုက်တန်သောကြောင့် ခေတ်အဆက်ဆက်ပြည်သူများသည် ဒီမိုကရေစီကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန် ပုံသဏ္ဌာန် မျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ တပ်သား အင်အားနည်းပါးသည်မှာ နှစ်အတော်ကြာနေခဲ့ပြီဖြစ်သည်။ တရားဥပဒေနှင့်မညီသော အာဏာသိမ်းခဲ့မှုကြောင့် ၎င်တို့အား အယုံအကြည် နည်းပါးလာသည်။ လေ့လာဆန်းစစ်မှုအရ ညဘက်တွင် တစ်ယောက်တည်း လမ်းလျှောက်ခြင်းသည် လုံခြုံမှုမရှိဟူသော အရေအတွက် မြင့်မားမှုနှင့်အတူ မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုသည် ၂၀၂၁ ခုနှစ်တွင် ရမှတ် […]

,

ပူတာအိုမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၆ဝဝဝ နီးပါး ထွက်ပြေးနေရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှန်ယန်ရွာနဲ့ ဆွမ်ပီယန်ရွာတွေအနီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာဒေသခံ ၆ဝဝဝ လောက် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံရှန်ယန်ရွာသားတဦးက RFA ကို ပြောပါတယ်။ အဲဒီမှာ မနေ့ကလည်း တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လုံရှန်ယန်ရွာဟာ ပူတာအိုမြို့နဲ့ ဆယ်မိုင်လောက်အကွာမှာ ရှိပြီး လူဦးရေ ငါးထောင်လောက် နေထိုင်ကြတာပါ။ အခု အဲဒီရွာကလူ လေးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က KIA နဲ့ PDF တို့ ပူးပေါင်းပြီး […]

,

ပုလဲမြို့နယ်မှာ ဒေသခံတစ်သောင်းခန့် ထပ်မံထွက်ပြေးရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်လင်းမှုတွေကြောင့် မနေ့ကစပြီး မြို့ပေါ်နဲ့ အနီးနားမှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းခန့် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ည ၈ နာရီလောက်က ပုလဲမြို့မရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ “လှော်ကားတို့၊ ကိုင်းကျွန်းတို့က ဒေသခံတွေက သူတို့ရွာနဲ့ အဝေးမှာပဲ ပုန်းနေရတယ်” နောက်နေ့မနက်မှာပဲ မသင်္ကာတဲ့နေရာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ် တာကြောင့် ပုလဲမြို့ပေါ်နဲ့ အနီးနားမှာရှိတဲ့ ညောင်ကုန်း၊ ကန်ကြီး၊ ဖိုကုန်း၊ ညောင်ကန်၊ ရွာသာ၊ လိပ်ကုန်း၊ ရထင်၊ အေးကုန်း၊ မြကုန်း၊ ရိုး စတဲ့ ရွာပေါင်း ၁၀ […]

,

ကလေးတွင် စစ်တပ်၏လက်နက်ကြီးကြောင့် ကလေးလူကြီး ၈ ဦးထက်မနည်း ဒဏ်ရာရ

တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ချိန်တွင် တစ်လုံးမှာ ရွာသားများ ပုန်းခိုနေသော နေရာအနီးရှိ နေအိမ်ပေါ်သို့ ကျခဲ့၍ ဒဏ်ရာရသည်ဟု ဒေသခံအချို့က အတည်ပြုသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၆) နံနက်က လက်နက်ကြီးဖြင့်ပစ်ရာ ကလေးသုံးဦးအပါအဝင် အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရသည်ဟု မိသားစုဝင်အချို့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က အတည်ပြုသည်။ ထိုနေ့ နံနက် ၉ နာရီကျော်တွင် ဒေသခံများ စုဝေးပုန်းခိုနေသည့် နေအိမ်ပေါ်ကို လက်နက်ကြီးကျခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများမှာ အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသားငယ်နှစ်ဦး၊ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ ၂၀ […]

,

စစ်ကြောင်းဝင်သည့် ဝက်လက်တွင် ၆ ဦး သတ်ဖြတ်မီးရှို့ခံရ

တပ်မတော်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှ ရွာသား ၆ ဦးကို သတ်ဖြတ်ပြီးချိန်တွင်ပင် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း လိမ်ညာပြောဆိုခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။  ဇန်နဝါရီ ၃၀ နံနက်တွင် စစ်သားများက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာမှ ၆ ဦးကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့ကြောင်း ဒေသခံများနှင့် PDF အဖွဲ့ဝင်များက Myanmar Now ကို ပြောသည်။ ထိုနေ့နံနက် ၂ နာရီခန့်က ဧရာဝတီမြစ်ကမ်းဘေးရှိထိုရွာသို့  စက်လှေ ၃ စင်းဖြင့် ရောက်လာသည့် စစ်သား တို့က စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်စီးနင်းခဲ့သည်၊  အင်အား ၄၀ ခန့်ရှိသည်ဟု သိရသည်။ ထိုစစ်တပ် ဖေဖော်ဝါရီ ၃ တွင် ရွာမှ ပြန်ထွက်သွားသောကြောင့် […]