ပူတာအိုမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၆ဝဝဝ နီးပါး ထွက်ပြေးနေရ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှန်ယန်ရွာနဲ့ ဆွမ်ပီယန်ရွာတွေအနီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာဒေသခံ ၆ဝဝဝ လောက် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံရှန်ယန်ရွာသားတဦးက RFA ကို ပြောပါတယ်။ အဲဒီမှာ မနေ့ကလည်း တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လုံရှန်ယန်ရွာဟာ ပူတာအိုမြို့နဲ့ ဆယ်မိုင်လောက်အကွာမှာ ရှိပြီး လူဦးရေ ငါးထောင်လောက် နေထိုင်ကြတာပါ။ အခု အဲဒီရွာကလူ လေးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က KIA နဲ့ PDF တို့ ပူးပေါင်းပြီး […]
