ဂန့်ဂေါတွင် ရွာမီးရှို့သည့် စစ်တပ်က လူ ၁၁ ဦးသတ်ခဲ့ဟု ဒေသခံတို့ပြော
မကွေးမြောက်ပိုင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီအဖွဲ့ ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ်တွင် သေဆုံးသူအချို့ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ယနေ့ (ဖေဖော်ဝါရီ ၂၈)နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့သည့် ဖြစ်စဉ်တွင် ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဒေသခံ ၄ ဦးက ပြောသည်။ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ထိဆက်နေသည့် ဂန့်ဂေါမြို့နယ် ကံတိုးရွာ(ရေသာရွာ)၊ ရွှေဘိုရွာ၊ သင်တောရွာတို့ကို စစ်ကောင်စီအဖွဲ့က အင်အား ၁၀၀ ခန့်ဖြင့် ဝင်မွှေခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။ ကံတိုးရွာကို နံနက် ၈ နာရီဝန်းကျင်တွင် စတင်ရောက်ရှိလာကာ တစ်မိုင်ခန့်အကွာရှိ ရွှေဘို၊ ထိုမှ […]
