ကရင်နီဒေသတွင် မီးလောင်ထားသည့် အရပ်သား ၅ ဦး၏ ရုပ်အလောင်းများတွေ့
စစ်ကောင်စီတပ် စစ်ကြောင်းထိုးသွားလာလှုပ်ရှားခဲ့သည့်ရွာများမှ ဒေသခံများ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး တွေ့ရှိရသည့် ၃ လောင်းမှာ အရိုးများသာ ပြာပုံအတွင်း ကျန်ပြီး ၂ လောင်းမှာ မီးလောင်ကျွမ်းထားသည် ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ်တွင် ယခုလဆန်းပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့ရာ ကျေးရွာနှစ်ခုတွင် မီးလောင်ကျွမ်းထားသည့် အရပ်သားငါးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာတွင် မတ် ၂ ရက်က ရုပ်အလောင်းသုံးခု၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ရုပ်အလောင်းနှစ်ခု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာတွင် တပ်စွဲခဲ့သော စစ်ကောင်စီတပ်က ဒေသခံသုံးဦးကို ပစ်သတ်ကာ နေအိမ်တစ်ခုအတွင်း အလောင်းများထည့်သွင်းလျက် အိမ်ကိုပါ ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် KNDF တပ်ရင်း […]
