ခုခံတော်လှန်ခြင်း- စစ်အာဏာသိမ်းပြီးချိန်မှစ၍ တနှစ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှု
ဆယ်စုနှစ်များနှင့် ချီသည့် ပဋိပက္ခ စစ်ပွဲများအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ၎င်းတို့၏ ကြံ့ခိုင် သန်မာမှုကို ပြသခဲ့ကြသည်။ တိုင်းပြည်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ဖိုဝါဒ ကြီးစိုး မှုကိုလည်း ပုံစံပြောင်းပစ်ကြသည်။ အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မှ ကာကွယ်ရန် ခိုင်မာသည့် ဥပဒေများ ပြဌာန်းပေးရန် တောင်းဆို စည်းရုံးလှုံ့ဆော်ကြသည်။ အသက် ရှင်သန် ကျန်ရစ်သူများအား အကာအကွယ်ပေးရန်နှင့် တရားမျှတမှု ရရှိစေရန် အာမခံမည့် ဥပဒေများ ပြဌာန်းရန် ဆန္ဒမရှိသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။ မြန်မာစစ်တပ်၏ ရန်လိုသော သက်သေအဖြစ် ပြည်တွင်းပဋိပက္ခအတွင်း နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်။ ထိုသို့ မချိမဆန့် ခံစားရသည့် အခြေအနေအောက်တွင် အမျိုးသမီးနှင့် လုံမပျိုများမှာ ဝန်ထုတ်ဝန်ပိုးကို […]
