ကလေး ၃ နှစ်ပြည့်မွေးနေ့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်မှ သားအမိ
တစ်ကိုယ်ရေမိခင်ကို ဖမ်းပြီး နာရီပိုင်းအကြာတွင် သူ၏ ၃ နှစ်သားကို မူကြိုကျောင်းတွင် သွားရောက် ဖမ်းဆီးခဲ့သည့် စစ်ကောင်စီက ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။ ဧပြီ ၅ ရက်နေ့သည် မူကြိုကလေး မောင်သန့်ဘုန်းဝေယံ၏ မွေးနေ့ဖြစ်သောကြောင့် အလှူဒါနပြုရမည် မဝေ ဆုံးဖြတ်ခဲ့သည်။ သားကို တစ်ယောက်တည်း ကျွေးမွေးပြုစုရသည့် အသက် ၃၅ နှစ်အရွယ် တစ်ခုလပ်အမျိုးသမီးအတွက် ထိုနံနက်ခင်းက ကြည်နူးဖွယ်ပီတိ အတိဖြစ်ခဲ့လိမ့်မည်။ စစ်တပ်အာဏာသိမ်းမှုကို သူလည်း တစ်နိုင်ငံလုံးနီးပါးနှင့်အတူ ပါဝင်ဆန္ဒပြစဉ်က သားကလေးက ၂ နှစ်ပင် မပြည့်သေး။ ယခု ၃ နှစ်ပြည့်တွင်တော့ တိမ်းရှောင်နေရသည့်ကြားက တစ်ခုခုလုပ်ပေးရန် မဝေက ဆုံးဖြတ်ထားသည်ဟု သူနှင့် ဆွေမျိုးနီးစပ်တော်စပ်သော၊ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ပြောသည်။ “အဖေမရှိဘဲ မွေးလာခဲ့ရတဲ့ သားလေး၊ ပထမဆုံးမူကြိုကျောင်းတက်နေရတဲ့ သားလေးရဲ့ […]
