ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ပြီး ၁၂ နှစ်အရွယ် မိန်းကလေးငယ် သေဆုံး
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်ခရိုင်)၊ ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ရာ ၁၂ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) က အတည်ပြုသည်။ ကူးဆိပ်ရွာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ၊ ခမရ (၄၀၈) တပ်ရင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု အတွင်းရှိ တဒွီးခိုကျေးရွာ အတွင်းသို့ ၆၀ မမ လက်နက်ကြီး လေးချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းတဒွီးခိုကျေးရွာ ဒေသခံ အသက် ၁၆ နှစ်အရွယ် နော်အယ်ဆိ၏ ရင်ဘတ်ကို […]
