တနင်္သာရီတိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော တရားမဲ့သတ်ဖြတ်မှုများ
ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့် ရုပ်အလောင်း လက်ထိတ်ခတ်ခံထားရသည်။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသူကို တစ်ရက်အကြာတွင် မျက်စိပွင့်လျက်အနေအထားဖြင့် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ်သာ ဥယျာဉ်ခြံတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်။ သတ်ဖြတ်ခံရသူမှာ ဒေါက်တာလင်းမောင် (ခေါ်) ဦးလင်းမောင်ဖြစ်ပြီး ၂၀၂၂ ဧပြီ ၁ ရက်နေ့က တောင်ပျောက်တိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။ “လက်ထိတ်လည်း ခတ်ထားတယ်။ ပြီးရင် ကြိုးနဲ့လည်း ချည်ထားတယ်” ဟု ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲဘော်ကျောက်ခဲက ဆိုသည်။ ဦးလင်းမောင်မှာ ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျောင်းသားတပ်မတော် (ABSDF) ၏ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာ စောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ […]
