ပင်းတယ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သားအမိ အဖမ်းခံရ
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနဲ့ သားဖြစ်သူကို မေလ ၁၄ ရက်နေ့ ညပိုင်း စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ပင်းတယဒေသခံက RFA ကို ပြောပါတယ်။ ဒေါ်မမလေးနဲ့ သားဖြစ်သူ ကိုနေမျိုးထက်ဟာ သူတို့နေအိမ်ဖြစ်တဲ့ ပင်းတယမြို့ ဖော့တော အနောက်ရပ်ကွက်နေအိမ်မှာ ရှိနေချိန် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ အိမ်စီးကား ငါးစီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ပြောပါတယ်။ ဒေါ်မမလေးဟာ ပင်းတယမြို့ NLD ပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရထားသူဖြစ်ပြီး အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေပါ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရ တာကြောင့် ရှောင်တိမ်းနေရသူလို့ ဒေသခံက […]
