ကန့်ဘလူတိုက်ပွဲတွင် ၈ နှစ်သား၊ မိခင်နှင့် အဖိုးဖြစ်သူတို့ သေဆုံး
ကိုးတောင်ဘို့ ရွာပြင်တွင် စခန်းချ၍ တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ကို ရွာအတွင်းမှနေ၍ တိုက်ခိုက်စဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခဲ့သည်ဟု PDF ဘက်က ပြောသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကိုးတောင်ဘို့ရွာတွင် လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျ၍ ၈ နှစ်အရွယ် မောင်ဇင်ဘုန်းနှင့် ၎င်း၏ မိခင်၊ အဖိုးဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးသွားသည်။ ထိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထဲမှ အင်အား ၅၀ ကျော်မှာ ဇွန် ၁ရက်နေ့က မြောက်ဘက် ၇ မိုင်ခန့်အကွာ ကောလင်းမြို့သို့ ပြန်ထွက်သွားပြီးနောက် ကျန်ရှိအဖွဲ့ကို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် စစ်တပ်က ထိုသို့ ပစ်ခတ်ကြောင်း ကိုးတောင်ဘို့တော်လှန်ရေးအဖွဲ့ (KTBR) ခေါင်းဆောင် ကိုချစ်က ပြောသည်။ “သူတို့က အိမ်ထဲတင် နေကြတာ။ ဟိုဘက်က ပစ်လိုက်တော့ […]
