ထန်းရှောက်ခံရွာ၌ ရုပ်အလောင်းများတွေ့ရှိမှု နိုင်ငံတကာကို စုံစမ်းစစ်ဆေးခွင့်ပြုရန် လိုအပ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာမှာ လူတွေအစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ်ကို ခွင့်ပြုပေးဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီးက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ငှက်သေးကျေးရွားအုပ်စု၊ ထန်းရှောက်ခံ(တန်းလျှောက်ခံ)ရွာက ရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲရေးသားချက်တွေဟာ မဟုတ်မမှန် လိမ်လည်လုပ်ကြံဖန်တီးတာသာ ဖြစ်တယ်လို့ မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာဝင် အကြီးအကဲတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေက ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထန်းရှောက်ခံရွာမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ […]
