တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ၊ လူနာ ၇ ဦးနှင့် ဆေးရုံဝန်ထမ်း ၁ ဦးသေဆုံး
စစ်တပ်သည် ယနေ့ (နိုဝင်ဘာ ၁၁) ရက် နံနက်ပိုင်းက စက်တပ်လေထီးဖြင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှ ဝင်းမနားတိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာခုနစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ထံမှသိရသည်။ ၁၆ ခုတင်ဆံ့ ဝင်းမနားတိုက်နယ်ဆေးရုံသည် စစ်တပ်ထိန်းချုပ်ရာ ကနီမြို့မှ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ၁၂ မိုင်ခန့်အကွာ ဝင်းမနားရွာတွင် တည်ရှိသည်။ အဆိုပါဆေးရုံသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံလည်းဖြစ်သည်။ စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ဆေးကုသမှုခံယူနေသည့် လူနာများ သေဆုံးခဲ့ရသည်ဟု NUG ၏ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။ NUG ဘက်က Myanmar Now သို့ပေးပို့သည့် ဓာတ်ပုံတစ်ခုတွင် ပလတ်စတစ်ဖြင့်ပတ်ထားသည့် ရုပ်အလောင်း ရှစ်ခုကိုတွေ့ရသည်။ နောက်ထပ်ထိခိုက်ဒဏ်ရာရသူများ […]
