တစ်ပတ်အတွင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု၊ မိုင်းမတော်တဆပေါက်ကွဲမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ သေဆုံးနေသည်ဟု ဆိုသည်။ ရန်ကုန်တွင် စစ်ကောင်စီထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်မှု၊ မိုင်း မတော်တဆပေါက်ကွဲမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် ယခုရက်သတ္တပတ်အတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ ဇွန် ၁၇ ရက်က ရန်ကုန်မြို့အထွက် ထန်းတပင်မြို့နယ်ရှိ ပန်းတိုင်ဂိတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဒီပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ အရပ်သားတွေလည်း ပါနေတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ တော်တော်များများ ကျဆုံးနေပြီးတော့ သတင်းတွေ ပျောက်နေတယ်။ ဒါက မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက […]
