ဖလမ်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းဝင်စဉ် မသန်စွမ်းနှစ်ဦး အသတ်ခံရ
ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက ချင်းပြည်နယ်မြောက် ပိုင်းရောက်ရှိစဉ် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ကို ဝင်ရောက်နေသော စစ်ကောင်စီစစ်ကြောင်းက မသန်စွမ်းနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ တစ်ဦးမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန် ၂၉ ရက်တွင် ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဖလမ်းမြို့မြောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ ဗားလုံရွာ (Valung) ကို ရောက်ရှိစဉ် ဇွန် ၃၀ ရက်က အသက် ၆၀ ကျော်အရွယ် ဆွံ့အနားမကြားဖြစ်နေသူ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခြင်းဖြစ်သည်။ ဦးခေါင်းကို ပစ်သတ်ခံထားရသည့် […]
