မိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကြောင့် ဒေသခံတွေ ဒဏ်ရာရ
ကယားပြည်နယ် မိုးဗြဲမြို့ပေါ်က သန့်ရှင်းသောမယ်တော် ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ပိုင်း ဒေသခံ အနည်းဆုံး တစ်ဦး ဒဏ်ရာရရှိထားတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ (Mobye Rescue Team) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ဟာ ဇူလိုင်လ ၁၈ ရက် ဒီနေ့ မနက်အစော ၂ နာရီဝန်းကျင်က ဘုရားကျောင်းကို ရောက်လာခဲ့ပြီး အဲဒီမှာတပ်စွဲကာ လက်နက်ကြီး ပစ်နေ တာလို့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ခရစ်ယာန်ဘုန်းကြီးနဲ့ တွေ့တော့ မနက်အစောကြီး ပြန်ထွက်မယ်ဆိုပြီးတော့ ပြောတယ်။ ညတုန်းက သူတို့ဝင်လာတော့ PDF တွေက တွေ့တယ်။ ပစ်ဖို့လုပ်နေချိန် ဘုန်းကြီးက တားလိုက်တယ်။ ဘုရားကျောင်း […]
