မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ရာထူး ပြန်ရုပ်သိမ်းဖို့ အဖွဲ့ ၈ဝဝ ကျော် ပူးတွဲတောင်းဆို
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်တဲ့နေရာမှာ အထူးသံတမန်တွေစေလွှတ်ပြီး စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားတဲ့နည်းလမ်းဟာ အလုပ်မဖြစ်တဲ့အတွက် ဒီရာထူးကို ရုပ်သိမ်းပြီး အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၈၀၀ ကျော် စုပေါင်းလက်မှတ်ထိုးပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို တိုက်တွန်းလိုက်ပါတယ်။ အခုလိုတောင်းဆိုရတာဟာ မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တဲ့ အထူးသံတမန် မစ္စနိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားနိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်ရေး အတွက် ကြိုးစားအားထုတ်ခဲ့တာ မရှိဘူးလို့လည်း သုံးသပ်တာလည်းရှိပါတယ်။ ရှေ့လမှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် စေလွှတ်တဲ့ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် ရာထူးကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ပြီး မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ဆိုးဝါးလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေတွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံအရေး လုပ်ဆောင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း ၈၆၄ ခုက လက်မှတ်ရေးထိုးတောင်းဆိုကြောင်း […]
