မြန်မာနိုင်ငံ လူထုဆန္ဒပြမှု၏ စွမ်းအား
မြန်မာပြည်သူများသည် နိုင်ငံသားတို့၏ အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို ဥပဒေအရ ပို၍ ကာကွယ်ပေးရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စုရုံး၍ ရာစုနှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည်။ မိမိတို့အတွက်သာမက နောင်လာနောင်သားများအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိရန် တောင်းဆိုသော ပြည်သူတို့သည် သည်းခံနိုင်စွမ်းမရှိတော့ဘဲ နာကြည်းပေါက်ကွဲ လာသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပါသော လူထုလှုပ်ရှားမှုကြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခြင်းသည် ပြည်သူထံမှ အာဏာလုကာ စစ်အာဏာသိမ်းမှုကို တရား၀င်ဖြစ်ရန် နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းနေသော စစ်အုပ်စုအား လက်မခံသော လူထုအရေးတော်ပုံ၏ နောက်ထပ်သာဓက တစ်ခုဖြစ်သည်။ အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြသူများကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ တုန့်ပြန်ရန် လက်မရွံ့ခဲ့ပေ။ ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ၁၉၈၈ […]
