Entries by ndb14

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

“အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် “ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက် နေ့လည် (၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI 35 ရဟတ်ယာဉ်က ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈က မြေပြင်မှ နေ၍ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဥ်တွင် စုစုပေါင်း ကလေး သူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးများ၏ ရုပ်အလောင်းများကို မိဘများအား မပေးအပ်ဘဲ အကြမ်းဖက်စစ်တပ်က ပီနံအိတ်များအတွင်းထည့်ကာ သယ်ဆောင်သွားခဲ့သည်။ […]

ရခိုင်မှာ လေးရက်အတွင်း လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရ

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ဒီနေ့အထိ လေးရက်အတွင်း စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တော်မြို့နယ် နဂရာရွာမှာ စက်တင်ဘာလ ၂၅ ရက်ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အသက် ခုနှစ်နှစ်အရွယ် မောင်ကြီး (ခေါ်) မောင်ကိုနိုင်သေဆုံးခဲ့ပြီး ဒေသခံဦးကျော်စိန် ဒဏ်ရာရသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ည ၁၁ နာရီ လောက်မှာ ကျောက်တော်မြို့ အနားမှာရှိတဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်က ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။ “ဖြစ်တာက […]

ဆိုးဝါးတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမာပျက်သလို ဆိုးဝါးတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေတွေဆီကို ပြန်ရောက်အောင် လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေကို ထောက်ပြပြီး မနေ့ကလူ့အခွင့်အရေးညီလာခံမှာ ပြောသွားတာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်ဟာ သူတို့ ပစ်မှတ်ထားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေတင်မကဘဲ ဒီအင်အားစုတွေကို ထောက်ခံတယ်လို့ သူတို့ယူဆတဲ့ အရပ်သားလူ့အဖွဲ့အစည်းတွေကိုပါ ရက်ရက်စက်စက်တိုက်ခိုက်ဖြိုခွင်းတာတွေ လုပ်နေတဲ့အကြောင်း၊ အခုမိုးရာသီကာလအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးရပြီး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ စုစုပေါင်း အရပ်သား နေအိမ် ၃၀၀၀ […]

ပြည်သူကို ဘယ်သူကူညီနေသလဲ?

နိုင်ငံတကာအကူအညီက ရန်ကုန်ရှိ အဖွဲ့ကြီးများထံ သွားနေချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အံတုလုပ်ကိုင်နေသည့် ဒေသအခြေစိုက်အဖွဲ့ငယ်များက လူထုကို အားကိုးပြီး စွန့်စားလုပ်ကိုင်နေကြသည်။ သိပ်မကြာသေးခင်က ကုလသမဂ္ဂအေဂျင်စီတွေဟာ အုပ်စုလိုက်ကို မြန်မာစစ်ကောင်စီနဲ့ နားလည်မှု စာချွန်လွှာတွေ ဒရောသောပါး လက်မှတ်ထိုးကြတာကြောင့် အရေးတကြီး မေးစရာတွေ ရှိလာပါတယ်။    မြန်မာပြည်မှာ ကူညီထောက်ပံ့ရေး ဝန်ထုတ်ဝန်ပိုးကို အမှန်တကယ် ထမ်းထားရတာ ဘယ်သူတွေလဲ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေလား၊ ပြည်တွင်းက ပြည်သူဒုက္ခကို ကူညီရင်း ခုခံဆန့်ကျင်ရေးမှာ ရပ်တည်ပါဝင်တဲ့ အဖွဲ့တွေ (humanitarian resistance organization) လား။  နိုင်ငံတကာ ကူညီထောက်ပံ့ရေးဘတ်ဂျက်တွေကိုကျ ဘယ်သူတွေက လက်လှမ်းမီနေကြသလဲ။   လက်ရှိအခြေအနေကို ပုံဖော်ဖို့၊ နားလည်စေဖို့ ရှင်းပြရာမှာ အတော့်ကို အထောက်အကူပြုနိုင်မဲ့ ဟူးဂိုးဆလင်း (Hugo Slim) ရဲ့ ဆီလျော်ကောင်းမွန်လှတဲ့ စာတမ်းတစ်စောင်ရှိပါတယ်။ စာတမ်းနာမည်က […]

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန် အရပ်ဖက်လူထုအဖွဲ့အစည်း ၅၆၇ ဖွဲ့မှ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ် အကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်နေသည့် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုသည် မှာ ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေး အကြပ်အတည်းမှ ထွက်ပေါက်ရှာ ရန်အတွက် ကြားခံအသုံးချသည့် အတုအယောင် ဆွေးနွေးပွဲမျှသာဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် တက်ရောက်ပါဝင်ခြင်း မပြုကြပါရန် အောက်တွင်လက်မှတ်ထိုးဖော်ပြထားသော အရပ်ဖက်လူထုအဖွဲ့အစည်းများမှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။ နိုင်ငံတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခစစ်ပွဲများသည် မင်းအောင်လှိုင် ဦးဆောင် သော အကြမ်းဖက်စစ်အုပ်စုနှင့် ပြည်သူများအကြားဖြစ်သော စစ်ပွဲဖြစ်သည်။ မင်းအောင် လှိုင်ဦးဆောင်သည့် ဤအကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မတရားဖမ်း ဆီးထိန်းသိမ်းကာ တရားမဝင် အာဏာသိမ်းယူရန် စတင်ကြိုးစားခဲ့သည်။ […]

မြင်းခြံထောင်တွင် ထောင်ပြောင်းနိုင်ကျဉ်းများ အုပ်စုဖွဲ့အရိုက်ခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာတစ်ဦးကို ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၁၅ ဦးခန့်က ထိုးကြိတ်ရိုက်နှက်သည်ဟု သိရသည်။ မန္တလေးတိုင်း မြင်းခြံမြို့ရှိ အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အုပ်စုဖွဲ့ ရိုက်နှိပ်စက်ခြင်းများ ရှိနေပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး သတိလစ်သည်အထိ ရိုက်နှက်ခံရကာ ဒဏ်ရာအပြင်းအထန်ရထားသူတစ်ဦးလည်း ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် မန္တလေးအိုးဘိုထောင်နှင့် မုံရွာထောင်မှ ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို စစ်ကောင်စီက မြင်းခြံထောင်သို့ ရွှေ့ပြောင်းပြီးနောက် ထိုသို့ အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။​ မြင်းခြံထောင်သို့ ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ပုံစံ ထိုင်ခိုင်းကာ တန်းစီ ရိုက်နှက်ခဲ့သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် တစ်ဦးက Myanmar Now ကို ပြောသည်။ […]

ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇ဝ ကူညီ

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက ရိုဟင်ဂျာဒုက္ခသည်တွေအတွက်၊ လူသားချင်းစာနာထောက်ထားရေးကူညီငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၂၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ကူညီထားတာ ဒေါ်လာ ၁.၉ ဘီလီယံနီးပါး ရှိပြီဖြစ်ပါတယ်။ အခု ကူညီမယ့် ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၃ သန်းကျော်ကို အမေရိကန်နိုင်ငံခြားရေးဌာနကတစ်ဆင့် ကူညီမှာဖြစ်ပြီး ဒေါ်လာ ၇၇ သန်းကျော်ကိုတော့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အထူးအေဂျင်စီ USAID ကတစ်ဆင့် ကူညီမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၃၈ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းလေးသောင်းနဲ့ အဲဒီဒုက္ခသည်တွေကို လက်ခံထားပြီး ကူညီနေတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား […]

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာ – ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် ကိစ္

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာ မစ္စတာ အန်တိုနီယိုဂူတာရတ်စ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၄၂ လမ်း၊ နယူးယော့ခ်၊ NY 10017 ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက် အကြောင်းအရာ ။          ။ ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် ကိစ္စ။ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ယင်းအစား ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်။ လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းခင်ဗျား/ရှင့် အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ ဖွဲ့အနေဖြင့် ကုလသမဂ္ဂ အေဂျင်စီများ၊ […]

ရခိုင်မြောက်ပိုင်း ၆ မြို့နယ်ကို ထောက်ပံ့မှုရပ်ရန် စစ်ကောင်စီညွှန်ကြား

ရခိုင်ဒေသတိုက်ပွဲနယ်မြေအတွင်း ကူညီရေးလုပ်ငန်းများ ရပ်ထားရတော့မည်ဟု ကုလသမဂ္ဂက ပြောသည်၊ တိုက်ပွဲများပြင်းထန်နေသော စစ်ကိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့ကိုလည်း မကူနိုင်သေးပေ။  ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဆောင်ရွက်နေသော လုပ်ငန်းများ ရပ်ဆိုင်းထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ကုလသမဂ္ဂ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော United Nation OCHA Myanmar  (UNOCHA) က ယမန်နေ့ (စက်တင်ဘာ ၂၁) တွင်  ထုတ်ပြန်သည်။ “ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တပ်မတော်ဘက်က ညွှန်ကြားထားပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။ လုံခြုံရေးအကြောင်းပြကာ ထောက်ပံ့ကူညီမှုများရပ်ဆိုင်းထားရမည့်မြို့နယ်များမှာ တိုက်ပွဲပြင်းထန်နေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့ဖြစ်သည်။ UNOCHA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) […]

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ စစ်အာဏာရှင် ကျူးလွန်နေသာ အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနိုးဆော်လိုက်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ စစ်အာဏာရှင် ကျူးလွန်နေသာ အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနိုးဆော်လိုက်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံ (ND-Burma ) မှ အကြမ်းဖက်စစ်အာဏာရှင်၏ အရပ်သားပြည်သူများအား အဓိက ပစ်မှတ် ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ခြင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။ ဆယ်စုနှစ် များစွာကြာ စစ်တပ်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း လျစ် လျူရှုကာ ချိုးဖောက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး သည့်နောက် အကြမ်းဖက်စစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ဖြင့် ပို၍ ရဲရဲတင်းတင်း […]