ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇ဝ ကူညီ
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက ရိုဟင်ဂျာဒုက္ခသည်တွေအတွက်၊ လူသားချင်းစာနာထောက်ထားရေးကူညီငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၂၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ကူညီထားတာ ဒေါ်လာ ၁.၉ ဘီလီယံနီးပါး ရှိပြီဖြစ်ပါတယ်။ အခု ကူညီမယ့် ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၃ သန်းကျော်ကို အမေရိကန်နိုင်ငံခြားရေးဌာနကတစ်ဆင့် ကူညီမှာဖြစ်ပြီး ဒေါ်လာ ၇၇ သန်းကျော်ကိုတော့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အထူးအေဂျင်စီ USAID ကတစ်ဆင့် ကူညီမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၃၈ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းလေးသောင်းနဲ့ အဲဒီဒုက္ခသည်တွေကို လက်ခံထားပြီး ကူညီနေတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား […]
