“ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ” – ဖားကန့်ဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံရသူ
ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက ဗုံးကြဲသည့် ဖြစ်စဉ်အတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူကို မေးမြန်းထားသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အကြိုနေ့ အောက်တိုဘာ ၂၃ ရက်ည ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲသည်။ ထိုဖြစ်စဉ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ မှ ထိပ်တန်းအရာရှိ ၄ ဦး အပါအဝင် ၆၂ ဦး သေဆုံးသည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ဒဏ်ရာရသူ ရာဂဏန်းရှိပြီး ဖားကန့်၊ မြစ်ကြီးနားသို့ ပို့ဆောင်ကုသရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီတပ်က ခွင့်မပြုသဖြင့် သေဆုံးသူ ဦးရေ တိုးနေသည်ဟု ကူညီကယ်ဆယ်ရေးသမားတို့ထံမှ […]
