ဖားကန့် ဗုံးကြဲမှု KIA အရာရှိ၊ အနုပညာရှင်နှင့် ပြည်သူ ဒါဇင်နှင့်ချီ သေဆုံး
တေးဂီတဖျော်ဖြေပွဲကျင်းပရာ နေရာသို့ ညဘက်တွင် တိတိကျကျ ဗုံးကြဲနိုင်သည့် ရုရှားထုတ် Yak-130 သုံးသည်ဟု လေတပ်အရာရှိဟောင်းအချို့က ပြောသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒါဇင်နှင့်ချီ သေဆုံးသွားသည်။ KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေဖြစ်သည့် ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာတွင် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ည ၉ နာရီဝန်းကျင်တွင် တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံးထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။ ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဗုံးကြဲတိုက်ခိုက်ရသဖြင့် KIA အရာရှိအချို့အပြင် ကချင်အနုပညာရှင်နှင့် အရပ်သားအချို့ သေဆုံးသည်ဟု […]
