ကချင်ပြည်နယ်၌ ဖြစ်ပွားသော တိုက်ခိုက်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အုပ်စုအပေါ် အရေးပေါ် အရေးယူမှုများ ဆောင်ရွက်ရန် တွန်းအားဖြစ်ရမည်
ကုလသမဂ္ဂမှ အာဆီယံထံ တာဝန်လွှဲနေခြင်းကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရမည်။ [၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့] ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သေချာရေရာမှု ကင်းမဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်လက်သင့်ခံနေခြင်းအားဖြင့် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ပွဲကို အဆုံးသတ်ရမည့် ၎င်း၏တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီဟု ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ယနေ့တွင် ပြောကြားလိုက်သည်။ သန်းပေါင်းများစွာသော အရပ်သားပြည်သူအပေါ် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာနေသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ကျရှုံးနေသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ခိုင်မာသည့်အရေးယူမှုများ လုပ်ဆောင်ရတော့မည် ဆိုသည့်အချက်ကို ပြနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ယင်းအဖွဲ့များက ဆိုသည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း […]
