သေဒဏ်ချမှတ်မှု တရားဝင်ဆိုင်းငံ့ခြင်းဆိုင်ရာ အဆိုမူကြမ်း ကုလအတည်ပြု
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကိုတရားဝင်ဆိုင်းငံ့ခြင်းဆိုင်ရာအဆိုမူကြမ်းကို မဲခွဲရာမှာ ထောက်ခံမဲ (၁၂၆) မဲနဲ့ မဲအများဆုံးရရှိခဲ့ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၂၆ မဲ၊ ကန့်ကွက်မဲ ၃၇ မဲ၊ ကြားနေမဲ ၂၄ မဲရရှိခဲ့တာကြောင့် သေဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ဖို့ ကော်မတီက အတည်ပြုခဲ့တာပါ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိတယကော်မတီမှာ တင်သွင်းတဲ့ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းဆိုင်ရာ မူကြမ်းကို ထောက်ခံမဲပေးခဲ့ပါတယ်။ ကော်မတီမှာ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ပြစ်မှုဆိုင်ရာဥပဒေမှာ သေဒဏ်ပေးတာကို တရားဝင် ဖျက်သိမ်းတာမရှိသေးပေမယ့် သေဒဏ်ချမှတ်တာကို တရားဝင်ဆိုင်းငံ့တာကို ဆယ်စုနှစ်လေးခုအထိ ဆောင်ရွက်ခဲ့ပေမယ့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးတက်ကြွသူလေးဦးကို သေဒဏ်ပေးကွပ်ပျက်ခဲ့ကြောင်း […]
