ကယားတွင် လူ ၄၀ ကျော် မီးပုံရှို့ခဲ့သည့် စစ်သားများ ဖမ်းမိဟု KNDF ပြော
သုံ့ပန်းများမှာ ယမန်နှစ် ခရစ်စမတ်အကြိုနေ့တွင် မူဆိုရွာအနီး လူနှင့် ယာဉ်များ မီးပုံရှို့သည့် ဖြစ်စဉ်တွင် ပါဝင်သူများဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။ လွန်ခဲ့သည့်နှစ်က ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီးတွင် ကလေးများ အပါအဝင် လူ ၄၀ ကျော်ကို သတ်ဖြတ် မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှ လေးဦးကို ဖမ်းမိထားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။ ဒီးမော့ဆိုမြို့နယ် ဒုန်းကမီး(ဒေါကမီး)ကျေးရွာတွင် ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရရှိသည့် တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းမှ ထိုစစ်သားများကို ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံ အပ်နှံသွားမည်ဟု သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ၂၀ ကျော်သေဆုံးကြောင်း၊ ဖမ်းမိသူများမှာ တပ်ကြပ်ကြီး ၁ ဦး၊ […]
