ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ထောင်နှစ် ၂၀ထပ်ချ
ဦးနှောက်သွေးကြောပိတ်ရောဂါရှိသူ၊ လေနှစ်ကြိမ်ဖြတ်ဖူးသူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက လားရှိုးထောင်တွင်ထားကာ ထောင် ၂၄နှစ်အထိသတ်မှတ်ပြီးဖြစ်သည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ဖြင့် စွပ်စွဲခံရသူ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို အာဏာသိမ်း စစ်ကောင်စီက ထောင်နှစ် ၂၀ သတ်မှတ်လိုက်သည်။ သေဒဏ်ထိုက်နိုင်သည့် ထိုစွပ်စွဲချက်ဖြင့် ၎င်းကို လားရှိုးထောင်တွင်း အထူးတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ကြောင်း၊ ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတစ်ခုဖြင့် အမှုဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။ အသေးစိတ်ကိုမူ မသိရပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်း ဟိန်ကို ၂၀၂၁ ဒီဇင်ဘာလတွင် ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ (ခ) ပုဒ်မနှစ်ခုဖြင့် ထောင် လေးနှစ်ချပြီးဖြစ်ရာ စုစုပေါင်း ထောင်ဒဏ် ၂၄ […]
