မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရန် ကုလတောင်းဆို
မြန်မာစစ်ကော်မရှင်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ဆေးရုံအား ဒီဇင်ဘာလ ၁၀ရက်နေ့ညက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ဒီဇင်ဘာ ၁၁ ရက်တွင် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာ တာ့ခ်က “ရခိုင်ဆေးရုံကို တိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်များစွာ သေဆုံးဒဏ်ရာရခဲ့တဲ့အတွက် ကျွန်တော် အထူးတုန်လှုပ်မိပြီး ပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချပါတယ်” ဟု X (ယခင် Twitter) တွင် ရေးသားသည်။ “ဒီလိုတိုက်ခိုက်မှုမျိုးတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ကျွန်တော် တောင်းဆိုပါတယ်။ တိုက်ပွဲတွေကို အခုချက်ချင်း ရပ်တန့်ရပါမယ်” ဟု ၎င်းက […]
