ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်
ရက်စွဲ။ ။ ဇန်နဝါရီ ၈၊ ၂၀၂၃။ ပုသိမ်အကျဉ်းထောင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်း များကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါကျူးလွန်လိုက်သည့်လုပ်ရပ် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ ထုတ်ပြန်လိုက်သည်။ ၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေ စိုးမိုးရေးပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ […]
