ကရင်နီပြည်မှ စစ်ဘေးရှောင် ပြည်သူများအား အာဏာရှင်စစ်တပ်မှ အစုအပြုံလိုက်အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းမှ အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များ အပါအ၀င် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဥ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်မှ တစ်နှစ်ပြည့်ခဲ့ပြီသော်လည်း ထိုဖြစ်စဉ်အတွင်းသတ်ဖြတ်ခံခဲ့ရသူများ၏ တရားမျှတမှုမှာ အလှမ်း၀ေးနေသေးသည့်အပြင် မိသားစု၀င်များသည် စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေရသည်။ […]
