Entries by ndb14

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးနေ

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ရှာဖွေဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်ကစပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အားလုံး နီးပါးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ ရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။ CDM တွေကို လက်ခံထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ စာသင်ကျောင်းတွေကိုလည်း ချိပ်ပိတ်အရေးယူဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ရန်ကုန်မြို့က အမည်မဖော် လိုတဲ့ CDM ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။ “အဓိက ကတော့ CDM တွေကိုဖမ်းပြီး ငွေညှစ်ချင်တာပေါ့။ CDM ဝင်ထားတယ် ဆိုပေ မယ့် နားလည်မှုနဲ့ ဆေးခန်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ […]

,

လေတပ်က မင်းတပ်မြို့ ဘုန်းကြီးကျောင်းကို ဗုံးကြဲ၊ စစ်ရှောင် ၅ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တွင် စစ်ရှောင်တချို့ခိုလှုံနေသော ဘုန်းကြီးကျောင်း ဗုံး ၄ လုံးကြဲခံရခြင်း၊ စက်သေနတ်ဖြင့် ပစ်ခံရခြင်းကြောင့် ထိခိုက်သူများထဲတွင် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။  ယမန်နေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၂ ဦး ဒဏ်ရာပြင်းထန်သည်၊ ပျက်စီးသည့် အဆောက်အအုံများထဲတွင် ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ပါဝင်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က Myanmar Now ကို ပြောသည်။ “ဗုံး ၄ လုံး ကြဲတယ်။ လေယာဉ်ကနေလည်း ပစ်ခတ်သွားတယ်။ IDP (စစ်ရှောင်) တွေကို ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ ဝေဖို့၊ သူ့တို့ဟာသူတို့ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၁၅ မှ ၂၁) ရက်နေ့ထိ

ဇန်နဝါရီလ ၁၅ရက်မှ ၂၁ရက်နေ့အတွင်း စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ် တို့တွင် လေကြောင်းပစ်ခတ် ဗုံးကြဲမှု စုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှု အတွင်း ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချရာ ပြည်သူများ မီးလောင်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်များ မီးလောင် ပျက်စီးခဲ့သည်။ ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ၃ ဦး အပါအဝင် အကျဉ်းသား ၇၀၀ ခန့်ကို‌ ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့သည်။ 2023 Jan 15 to 21 (MM)Infogram

,

ကျွန်းလှနဲ့ ကန့်ဘလူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဇန်နဝါရီလ ၁၄ ရက်က စစ်ကောင်စီတပ်က ကျေးရွာ ၁၄ ရွာကို စစ်ကြောင်းထိုးလို့ အရပ်သား ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှမြို့နယ် တောင်ယာဆိပ်၊ မြင်သာဦး၊ သံပရာပင်စု၊ မြဘုံသာ၊ တကုန်း၊ ကုက္ကိုကုန်းနဲ့ ကန့်ဘလူမြို့နယ် ညောင်ကုန်း၊ ပလူသာ၊ သရက်တော၊ မကျီးကုန်း၊ တည်ပင်၊ ချောင်းကြား ရွာတွေ အပါအဝင် ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို ဇန်နဝါရီလ ၁၄ ရက်ညနေပိုင်းမှာ စစ်ကောင်စီ တပ်တွေက မီးရှို့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့ညနေက ညောင်ကုန်းရွာကို မီးဝင်ရှို့တယ်။ ကန့်ဘလူ ချပ်ကြီးရွာဘက်နေ ညောင်ကုန်းရွာဘက်ကို […]

,

အကြမ်းဖက်ဖြိုခွင်းခံရပြီး ပုသိမ်ထောင်မှာ ထောင်ဝင်စာတစ်လပိတ်ခံရ

ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးရတဲ့ ထောင်ဆူပူမှုမှာ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ထောင်ဝင်စာပစ္စည်း ပို့ခွင့်ကို တစ်လပိတ်လိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတစ်ဦးဆီက လက်ကိုင်ဖုန်းတွေ့တဲ့အတွက် ထောင်အာဏာပိုင်တွေ က ရိုက်နှက်စစ်ဆေးခဲ့တာကို ဇန်နဝါရီ ၆ ရက်မှာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြတာကနေ ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။ “ပို့ထားတဲ့မုန့်ပဲ သရေစာတွေ ဘာတွေတောင်မှ သိမ်းသွားတယ်ဆိုပြီး ပြောသံကြားတယ်”  ဒီဖြစ်စဉ်ပြီးနောက်ရက် ဇန်နဝါရီလ ၇ ရက်ကစပြီး ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပို့ခွင့် ပိတ်လိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။ “တစ်လ ပိတ်ထားတယ်။ ရှေ့လငါးရက်နေ့မှာ ပြန်ဖွင့်မယ်လို့ပြောတယ်။ လောလောဆယ် အဲဒီတစ်လလုံးကတော့ ထောင်ဝင်စာမပို့ရဘူးပေါ့။ အစားအသောက် အခက်အခဲဖြစ်မှာပေါ့နော်။ နဂိုဆိုရင်တော့ ထောင်ဝင်စာပိတ်တယ်ဆိုရင်တောင် အထဲသက်သာဆိုင်ကနေပြီးတော့ မှာစားလို့ရတယ်။ […]

,

ဧရာဝတီမြစ်ဘေးရွာများကို စစ်တပ် ဝင်ပစ်၊ ဝက်လက်ဒေသခံများ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရေလယ်ကျွန်းရွာများတွင် တပ်စွဲသည့် စစ်ကောင်စီတပ်က မြစ်ကမ်းဘေး ရွာများကို လိုက်ပစ်နေ၍ ၁၃ ရွာမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများကို ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်နေ၍ အနည်းဆုံး ကျေးရွာ ၁၃ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ မတ္တရာမြို့နယ်ဘက်မှ လာသော စစ်ကောင်စီတပ်များက မြစ်အတိုင်း ဆန်တက်လာခဲ့ပြီး မြစ်လယ်ကျွန်းရွာများအား ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သလို စက်လှေများဖြင့် မြစ်ကြောင်းအတိုင်း ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ဇန်နဝါရီ ၁၁ ညနေကတည်းက စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းရွာများဖြစ်သည့် မြစိမ်း၊ ရွာသာယာ၊ လက်ပံ ကုန်း၊ ပေါက်ကုန်း၊ ဆင်ကျွန်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ […]

ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု NUG ဝေဖန်

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။ အဓိကရုဏ်းကို ထောင်အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့သလို အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက် (ခ) မဲကြီး ပျောက်ဆုံးနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီအပြင် နိုင်ငံရေးအကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ကိုးဦးက အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်အတွက် ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေ […]