ဧရာဝတီမြစ်ဘေးရွာများကို စစ်တပ် ဝင်ပစ်၊ ဝက်လက်ဒေသခံများ ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရေလယ်ကျွန်းရွာများတွင် တပ်စွဲသည့် စစ်ကောင်စီတပ်က မြစ်ကမ်းဘေး ရွာများကို လိုက်ပစ်နေ၍ ၁၃ ရွာမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများကို ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်နေ၍ အနည်းဆုံး ကျေးရွာ ၁၃ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ မတ္တရာမြို့နယ်ဘက်မှ လာသော စစ်ကောင်စီတပ်များက မြစ်အတိုင်း ဆန်တက်လာခဲ့ပြီး မြစ်လယ်ကျွန်းရွာများအား ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သလို စက်လှေများဖြင့် မြစ်ကြောင်းအတိုင်း ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ဇန်နဝါရီ ၁၁ ညနေကတည်းက စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းရွာများဖြစ်သည့် မြစိမ်း၊ ရွာသာယာ၊ လက်ပံ ကုန်း၊ ပေါက်ကုန်း၊ ဆင်ကျွန်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ […]
