အိုင်စီစီကိုလွှဲပေးဖို့ လုံခြုံရေးကောင်စီကို AI အဖွဲ့ တောင်းဆို
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံအနှံ့လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးယူဖို့ လိုအပ်နေပြီလို့ AI အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးကတည်းက လူသုံးထောင်နီးပါး အသတ်ခံရပြီး တစ်သောင်းသုံးထောင်ကျော် အဖမ်းခံထားရသလို၊ လူတစ်သန်းခွဲလောက် ထွက်ပြေးနေရတယ်လို့ AI အဖွဲ့က ပြောပါတယ်။ အဲဒီထဲမှာ လူလေးယောက်ကို ကြိုးပေးကွပ်မျက်ထားသလို၊ အနည်းဆုံး လူ ၁၀၀ လောက်ကို သေဒဏ်အမိန့်ချထားတယ်လို့ ဆိုပါတယ်။ ကလေး ခုနစ်သန်းခွဲကျော်လည်း ကျောင်းပြင်ပမှာရောက်နေရတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်းမှာ ပြည်သူတွေကို ထင်သလိုဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းညီညီညွတ်ညွတ်လက်တွဲပြီး တိုးမြှင့်အရေးယူဖို့ […]
