ချင်းပြည်နယ်ကို စစ်ကောင်စီ ပိတ်ဆို့၊ ဒေသခံတို့ ရိက္ခာလိုအပ်ချက်များနေ
ချင်းပြည်နယ်မြို့များသို့ သွားရောက်နိုင်သည့် အဓိကလမ်းမများကို ခြေကုပ်စခန်းများချထားခြင်း၊ စစ်ဆေးရေးဂိတ်များ ရှိနေခြင်းကြောင့် ရိက္ခာသယ်ယူရန် ခက်ခဲနေသည်။ ချင်းပြည်နယ်သို့ သွားရာလမ်းကြောင်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် ထန်တလန်မြို့ခံ စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် များပြားလာနေသည်ဟု သိရသည်။ ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး – ထန်တလန်လမ်းမကြီးနှင့် ဖလမ်း၊ ကလေးမြို့များရှိ အဓိကလမ်းမများကို ပိတ်ဆို့ထားသလို စစ်တပ်က ခြေကုပ်စခန်းများချကာ စစ်ဆေးရေးဂိတ်များ ဖွင့်ထားသည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဟားခါး-ထန်တလန် လမ်းမကြီးဆိုရင် စစ်ကောင်စီရဲ့ ထန်တလန်မြို့မရဲစခန်းဖြစ်တဲ့ တပ်ကုန်းဆိုတဲ့ ခြေကုပ်စခန်းရှိနေလို့ သုံးလို့မရဘူး၊ ပိတ်နေတာ ကြာပြီ။ ပြည်သူတွေကပဲ အခြားတောင်ကြောတွေကနေ လမ်းကြောင်းအသစ်တွေ ဖောက်ပြီး ရိက္ခာတွေ သယ်နေရတယ်။ လမ်းဖောက်တာတောင် တော်တော်ကြာတယ်။ ပြည်သူတွေ စားနပ်ရိက္ခာအတွက် အရမ်းရုန်းကန်နေရတယ်” ဟု သူက […]
