ပင်လောင်းမြို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သံဃာတချို့ ပါဝင်
ရှမ်းတောင်တွင် ဒေသခံ ၃၀ ခန့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲနေကြသည်။ အာဏာသိမ်းတပ်၏ ဝါဒဖြန့်မှုကို ဒေသခံအများအပြား ယုံနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ နေပြည်တော်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် သံဃာသုံးပါး အပါအဝင် လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို စစ်ကောင်စီ စစ်ကြောင်းက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များက အထောက်အထားများနှင့်တကွ ထုတ်ဖော်ပြောဆိုသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပင်လောင်းမြို့နယ်အတွင်းရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆက်မပြတ် တိုက်ပွဲဖြစ်နေသည့် ထိုဒေသတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယမန်နေ့ (မတ်လ ၁၂) တွင် ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စုအတွင်းရှိ နန်းနိမ့်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ပစ်သတ်ခံထားရသည့် သံဃာသုံးပါးနှင့် ဒေသခံ ၁၉ […]
