တာတိုင်ရွာသတ်ဖြတ်မှုမှာ အမျိုးသမီးသုံးဦး အဓမ္မပြုကျင့်အသတ်ခံခဲ့ရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ က မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ ဒေသခံ ၁၆ ဦးကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက် သတ်ဖြတ်ခဲ့သလို အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေ ကပြောပါတယ်။ မတ်လ ၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပတဲ့ တာတိုင်ကျေးရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ “သေနတ်နဲ့ ပစ်မသတ်ခင်မှာလည်း ခေါင်းတွေထုရိုက်ထားတာ ပိန်ရှုံ့နေတာပါပဲ။ မမြင်ရက်စရာပါပဲ။ အနိဋ္ဌာရုံပါပဲ ။ အဲ့ဒီထက်ပိုဆိုးတာကတော့ အဲ့ဒီနေ့က ကျွန်တော်တို့သွားတဲ့အခါမှာ အမျိုးသမီးတွေကအစ မတော်တရော်လုပ်ပြီး သတ်ထားတဲ့အခါ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတဲ့ အရာတွေပေါ့။” စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ […]
