စစ်ကောင်စီကို နည်းပညာပံ့ပိုးတဲ့ ကုမ္ပဏီတွေကို တားမြစ်ဖို့ ကုလအထူးသံတိုက်တွန်း
စစ်ကောင်စီကို အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက ထောက်လှမ်းရေးနည်းပညာ ရောင်းချတာ၊ ဝန်ဆောင်မှုပေးတာ၊ လွှဲပြောင်းတာနဲ့ တင်ပို့တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တားမြစ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မနေ့က တင်ပြလိုက်တာပါ။ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီဟာ မြို့နယ် ၃၃ဝ မှာ အင်တာနက် ဖြတ်တောက်ထားပြီး ဒီအထဲက မြို့နယ် ၅၀ ကျော်မှာ တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အင်တာနက်ကို ဖြတ်တောက်တာလို့ ပြောပါတယ်။ ကျေးရွာတွေကို စစ်ကောင်စီက […]
