စစ်ကောင်စီလေတပ် ရွှေကူတွင် ဗုံးကြဲ၊ မြေပြင်မှ စစ်ကြောင်းထိုးတိုက်ခိုက်
လေတပ်က တစ်ရက်တည်းတွင် ချင်း၊ ကယား၊ ကချင်ဒေသတို့ကို သွားရောက် တိုက်ခိုက်ရာ ခုခံတော်လှန်သူများသာမက အရပ်သားများလည်း ထိခိုက်သေဆုံးရသည်။ ယမန်နေ့ (မတ် ၃၀) တွင် လေတပ်က ကချင်ပြည်နယ် ရွှေကူမြို့တောင်ဘက်ရှိ ကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ခြေလျင်တပ်က စစ်ကြောင်းထိုးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ မွန်းတည့် ၁၂ နာရီခန့်တွင် ရွှေကူ KPDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များရှိသည့် နေရာကို လေတပ်က မိနစ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ မံဝိန်းရွာအတွင်း ဗုံး ၈ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့ လာချသွားတာ၊ မံဝန်းကျေးရွာကို ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ကူပေးပြီး တောက်လျှောက် ထိုးဝင်လာလို့ နည်းနည်းဆုတ်ပေးလိုက်ရတယ်၊ […]
