ကွေးတိုင်းမှာ စစ်ကောင်စီလက်က လွတ်လာသူတွေရဲ့အတွေ့အကြုံ
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မကွေးတိုင်းက ရေစကြို၊ မြိုင်၊ ပေါက်၊ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေသလို၊ ဒေသခံတွေ ရာနဲ့ချီ ဖမ်းဆီးခံရပြီး အသတ်ခံရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်ကြောင်းထိုးခဲ့တဲ့ ဘီလူးစစ်ကြောင်းလို့ခေါ်တဲ့ ခလရ ၉၉ ဟာ မြောင်မြို့နယ်ကနေ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲကို ပြီးခဲ့တဲ့လက ရောက်သွားခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့ မနက် ၅ နာရီမှာ မီးလောင်ကျွန်းရွာသစ်ရွာကို ပိတ်ဆို့လိုက်တဲ့အတွက် ထွက်ပြေးချိန်မရတဲ့ ရွာသား အယောက် ၂၄၀ လောက် ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ စစ်ဘေးဒုက္ခသည်တွေကို ထမင်းဟင်းချက်ပြုတ်ကျွေးနေတဲ့ အသက် ၅၀ ဝန်းကျင် ဦးဟန် ပစ်သတ်ခံလိုက်ရသလို၊ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၇ နှစ်အရွယ် ကိုဆန်းဒရာကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး […]
