ဖားကန့်တွင် လူငယ်နှစ်ဦး သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရ
စစ်တပ်က လမ်းပေါ်တွင် စွန့်ပစ်ခဲ့သည့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦး၏ အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး အသက် ၂၀ ဝန်းကျင်ခန့်အရွယ် လူငယ်နှစ်ဦး၏ ဒဏ်ရာများဖြင့် ရုပ်အလောင်းများ စွန့်ပစ်ထားသည်ကို ယနေ့ (မေ ၅) နံနက်တွင် တွေ့ရှိခဲ့ရသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။ ယနေ့နံနက် ဈေးဝယ်သူအချို့က အဆိုပါအလောင်းများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကောင်လေးတွေက ငယ်ငယ်လေးတွေ။ တစ်ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ။ နောက်တစ်ယောက်က […]
