ထန်းတပင်ဒေသခံ ၁၉ ဦး မီးရှို့အသတ်ခံရ၊ ပျောက်ဆုံးနေသူတွေ ရှိနေဆဲလို့ KNU ပြော
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာမှာ စစ်တပ်က ဒေသခံ ၁၉ ဦးကို မီးရှို့သတ်ဖြတ်သွားပြီး ပျောက်ဆုံးနေသူတွေ ရှိနေဆဲပဲလို့ မေလ ၁၂ရက်နေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ လတ်တလော ညောင်ပင်သာကျေးရွာအနီးမှာရှိနေသလို စစ်မြေပြင်လိုဖြစ်နေတာကြောင့် မီးရှို့အသတ်ခံရသူ ၁၉ ဦးစာရင်းကိုသာ ကောက်ယူနိုင်တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နဲ့ ခလရ – ၄၈ တပ်တွေဟာ ထန်းတပင်မြို့နယ် […]
