မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းကြောင့် ခြောက်ဦးသေဆုံး
အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို မေလ ၁၄ ရက် ဒီနေ့နေ့လယ်ပိုင်းကစလို့ ဖြတ်သန်းဝင်ရောက်နေပြီး ညနေပိုင်းအထိရထားတဲ့ စာရင်းအရ မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း လူခြောက်ဦးသေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ ဧရာဝတီတိုင်း ရေကြည်နဲ့ တောင်ကုတ်မြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က အသက် ၂၀ ကျော်အရွယ် လူငယ်ဇနီးမောင်နှံ ဖြစ်ပါတယ်။ တာချီလိတ်မြို့က ဇနီးမောင်နှံဟာ ဒီနေ့မနက်အစော အိပ်ပျော်နေချိန် မိုးလေသည်းထန်ပြီး မြေပြိုကျတာကြောင့် သေဆုံးခဲ့တာလို့ တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ကျန်တဲ့ လေးဦးကတော့ လေပြင်းတိုက် သစ်ပင်တွေလဲကျပိမိပြီး […]
