အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ၁၅၀၀ ကျော်သေဆုံးကြောင်း သုတေသနအဖွဲ့ပြော
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၅၉၂ ဦးသေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီကာလအတွင်း စစ်ကောင်စီတပ်သားတွေက လူငါးဦးထက်မနည်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး (၁၄၇) ကြိမ် ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီထဲမှာ ဆန္ဒပြပွဲတွေ ဖြိုခွင်းရာမှာသတ်ဖြတ်မှု၊ လေကြောင်းသုံးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်မှု အပြင် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သတ်ဖြတ်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုက ၃၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၅၀၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့မြို့နယ်တွေကတော့ ဝက်လက်၊ ယင်းမာပင်၊ ကလေး ၊ ကန့်ဘလူ၊ ဖားကန့်၊ ကလေးနဲ့ ပဲခူးတို့ဖြစ်ပြီး […]
