ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ်တောင်းဆို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ ထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက အကြီးအကဲက မြန်မာစစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့က အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်လာပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်သောင်းချီတဲ့ နိုင်ငံရေးကျဉ်းသားတွေ ပြန်လွတ်မလာသေးဘဲရှိနေတာပါ။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ဆက်လက်ရှာဖွေဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က “အကျဉ်းသားတွေကို လွှတ်ပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာ၊ သေဒဏ်ကနေ တသက်တကျွန်း […]
