“စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “
၂၀၂၁ စစ်တပ်က အာဏာသိမ်းစဥ်အတွင်း မြန်မာနိုင်ငံအတွင်း ရှင်သန်ရပ်တည်ခံရပုံအကြောင်း ရေးသားထားတဲ့ Finding Our Voice စာအုပ်ကို ရေးသားသူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo)ကို စစ်အာဏာပိုင်တွေက ဇွန်လ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ သူရေးတဲ့စာအုပ်နဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတချို့မှာ သွားရောက်ဟောပြောအပြီး ရန်ကုန်ကို ပြန်လာစဥ် လေဆိပ်မှာ ဖမ်းဆီးခံရတာလို့ ဒီအကြောင်း သိရှိတဲ့ သတင်းအရင်းအမြစ် နှစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ဇွန်လ ၁၂ ရက်နေ့မှာ ရေးသားပါတယ်။ ရန်ကုန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့ မစ္စတာကက်စတီလိုဟာ မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲဟောင်းလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ရိုက်တာက မေးမြန်းရာမှာ “မြန်မာနိုင်ငံတွင် အမေရိကန်တစ်ဦး […]
