လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ
၂၀၂၃ ခုနှစ် မေလ (၂၂) ရက်မှ (၃၁) ရက်အတွင်း စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများ မေ (၂၂)ရက်မှ မေ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးများ အသုံးပြုခြင်း တိုက်ခိုက်ခြင်း၊လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး မြင်းခြံထောင်၊ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီထောင် နှင့် ကျိုက်စကောထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်ထားသောကြောင့် သေဆုံးသူ များလည်း ရှိနေကြောင်း သိရှိရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ သတ်ဖြတ်မှုကြောင့် […]
