ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ဖမ်းဆီးခံရ
စစ်ကောင်စီတပ်ဟာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို သူ့မိဘတွေရဲ့ နေအိမ်ဖြစ်တဲ့ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ ဇွန်လ ၁၉ ရက်နေ့က စစ်ကားလေးစီး၊ အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းသွားပါတယ်။ နေအိမ်ထဲ ဝင်ရောက်ရှာဖွေတဲ့အခါ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ တီရှပ်တစ်ထည်တွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ပြီး ဘတ္ထရီအိုးနှစ်လုံးကြားဆက်တဲ့ ကြိုးကိုတွေ့တဲ့အခါ ဒီပစ္စည်းတွေကို အိမ်မှာသုံးလို့မရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ကိုမင်းလွင်ဦး ကပြောပါတယ်။ “ဒီဟာတွေ တွေ့တယ်ပေါ့ဗျာ။ သူတို့ရှာဖွေတော့ အဲ့တော့ကျွန်တော့်အဖေကို ဖမ်းမယ်ပေါ့ဗျာ။ လယ်ထွန်စက်မှာ ဘတ္ထရီအိုးတွေ Join ဖို့အတွက် ကျွန်တော့်အမေဝယ်ထားတဲ့ ကြိုးတစ်ပင်ကိုတွေ့တယ်။ ဘတ္ထရီအိုးဆက်ဖို့ ဝယ်ထားတယ်လို့ ပြောတော့ ဒါမျိုးကို အိမ်မှာသုံးလို့မရဘူး ဆိုတာမသိဘူးလားလို့ ပြောတယ်။ စက်တွေမှာ ဘတ္ထရီအိုးဒေါင်းသွားလို့ရှိရင် တခြားတစ်လုံးနဲ့ […]
