Entries by ndb14

KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ငါးရာကျော် တိမ်းရှောင်နေရ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက နမ်ဆန်ယန်ရွာနားမှာ ဇူလိုင်လ ၃ ရက် မနက် ၅ နာရီလောက်ကစလို့ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေလို့ ဒေသခံ ငါးရာလောက် ဘေးလွတ်ရာကို ရုတ်တရက် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KIA တပ်က နေရာယူထားတဲ့ ဌာနချုပ် လိုင်ဇာမြို့နဲ့ ငါးမိုင်ကျော်အကွာက နမ်ဆန်ယန်ရွာ ဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နမ်ဆန်ယန်ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲက ဒီနေ့မနက်က စဖြစ်လာတာ။ လက်နက်ကြီးတွေလည်း တောက်လျှောက် ပစ်ကြတယ်။ ရွာထဲမှာ မဖြစ်သေးပေမယ့် လက်နက်ကြီးတွေ ပစ်တော့ လာထိမှာ ကြောက်လို့ ကျေးရွာဒေသခံတွေကလည်း တချို့က ထွက်ပြေးကြတယ်။ တချို့က အခြေအနေစောင့်ကြည့်နေသေးတယ်။ အများပိုင်းကတော့ […]

,

လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မသွတ်သွင်းခံရခြင်း

(က) နိုင်ငံတကာဥပဒေအရ လိင်လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းတွင် မည်သည့် အင်္ဂါရပ်များ ပါဝင်သနည်း။ လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှု တခုအဖြစ် မှတ်တမ်း တင်နိုင်ရန်အတွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၄) ခု သက်သေထင်ရှားကြောင်း တင်ပြရပါမည်။ ၁။ လိင်ဆက်ဆံမှုပုံစံတခုခု ၂။ အတင်းအကျပ် လုပ်ဆောင်ခြင်း သို့မဟုတ် အလိုမတူခြင်း ၃။ ငွေပေးခြင်း သို့မဟုတ် အလားတူပုံစံတမျိုးမျိုး ၄။ အစိုးရ၏ လုပ်ဆောင်ချက် တို့ ဖြစ်သည်။ (ခ) အလိုမတူမှု သို့မဟုတ် အတင်းအကျပ် ပြုလုပ်သော အခြေအနေများ၏ ဥပမာများက အဘယ် နည်း။ အလိုမတူမှု သို့မဟုတ် အတင်းအကျပ်ပြုလုပ်သော အခြေအနေများဆိုသည်မှာ ကျူးလွန်ခံရသူ၏ လွတ် လပ်စွာ ရွေးချယ်ခွင့်များ […]

မူရတ်ကျင့်ဝတ်စည်းမျဉ်း မြန်မာဘာသာဖြင့်ထုတ်ပြန်ခြင်း

nstitute for International Criminal Investigations (www.iici.global)အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် မူရတ်ကျင့်ဝတ်စည်းမျဉ်း (စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာလိုပါသည်။ မြန်မာဘာသာ ပြန်ဆိုချက် အပါအဝင် အခြားဘာသာပြန်ဆိုချက်များကိုလည်း  မူရတ်ကျင့်ဝတ်စည်းမျဉ်း  စီမံကိန်း/ ဝက်ဘ်ဆိုက် www.muradcode.com/murad-code တွင် ဝင်ရောက်ကြည့်ရှု ရယူနိုင်ပါသည်။ နောက်လာမည့် ၃ နှစ်တာကာလအတွင်း မူရတ်ကျင့်ဝတ်စည်းမျဉ်းကို အခြားသော ဘာသာများသို့ ပြန်ဆိုရန် စီစဉ်လျက်ရှိပါ သည်။ ဤမူရတ်ကျင့်ဝတ်စည်းမျဉ်း စီမံကိန်း ဝက်ဘ်ဆိုက်ပေါ်တင်ထားသည့် မြန်မာဘာသာပြန်ဆိုချက်သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဘာသာပြန်ဆိုချက်အပေါ် အခြေခံထား […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ ပြည်သူ စုစုပေါင်း (၂၄၀) ကျော်တို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တို့တွင် စစ်အာဏာရှင်တပ် က အရပ်သားပြည်သူများကို လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၃)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ဇွန်လ (၁၉) ရက်နေ့တွင် ပြုလုပ်သည့် ပန်းသပိတ် လှုပ်ရှားမှုကို ပိတ်ပင် တားဆီး ခဲ့သည်။ နိုင်ငံအနှံ့ ရှိ […]

,

အိန္ဒိယက စစ်ကောင်စီထံ ခြောက်လအတွင်း ဒေါ်လာ ၅ သန်းဖိုး လက်နက်တင်ပို့ခဲ့

အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့သည့် ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က ယနေ့ (ဇွန် ၂၁) ထုတ်ပြန်သည်။ ကုန်သွယ်ရေးအချက်အလက်များအရ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း စစ်ဘက်သုံးနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် မြန်မာရေတပ်မှ ရေငုပ်သင်္ဘော၊ ဖရီးဂိတ် (ကိုယ်ပျောက်စစ်ရေယာဉ်) စစ်သင်္ဘောများအတွက် အထောက်အကူပြု စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယကုမ္ပဏီက တင်ပို့သည်များတွင် စစ်သင်္ဘောသုံးပစ္စည်းမျိုးစုံအပြင် ရေဒီယိုလှိုင်းထုတ်လွှင့်ခြင်းနှင့် ရေဒါဆိုင်ရာ ကိရိယာတန်ဆာပလာများ၊ စစ်မြေပြင်၌ ကျောပိုးအိတ်ဖြင့် အလွယ်တကူသယ်ဆောင်နိုင်သည့် ဆက်သွယ်ရေးစက်များလည်း […]

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်သုံးသပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ် သူတို့ရဲ့ ကိုင်တွယ် ဖြေရှင်းနည်းကို ပြန်လည်စဉ်းစားရလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tom Andrews က ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မှာရောက်ရှိနေစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ သဘောတူ ထားတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး ဘုံသေဘာတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာလည်း တိုးတက်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ အာဆီယံအစီအစဉ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ ဘေးကင်း လုံခြုံတဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေ ဝင်ခွင့်ရဖို့၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်ဖို့တွေ […]

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်ဟာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို သူ့မိဘတွေရဲ့ နေအိမ်ဖြစ်တဲ့ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ ဇွန်လ ၁၉ ရက်နေ့က စစ်ကားလေးစီး၊ အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းသွားပါတယ်။ နေအိမ်ထဲ ဝင်ရောက်ရှာဖွေတဲ့အခါ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ တီရှပ်တစ်ထည်တွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ပြီး ဘတ္ထရီအိုးနှစ်လုံးကြားဆက်တဲ့ ကြိုးကိုတွေ့တဲ့အခါ ဒီပစ္စည်းတွေကို အိမ်မှာသုံးလို့မရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ကိုမင်းလွင်ဦး ကပြောပါတယ်။ “ဒီဟာတွေ တွေ့တယ်ပေါ့ဗျာ။ သူတို့ရှာဖွေတော့ အဲ့တော့ကျွန်တော့်အဖေကို ဖမ်းမယ်ပေါ့ဗျာ။ လယ်ထွန်စက်မှာ ဘတ္ထရီအိုးတွေ Join ဖို့အတွက် ကျွန်တော့်အမေဝယ်ထားတဲ့ ကြိုးတစ်ပင်ကိုတွေ့တယ်။ ဘတ္ထရီအိုးဆက်ဖို့ ဝယ်ထားတယ်လို့ ပြောတော့ ဒါမျိုးကို အိမ်မှာသုံးလို့မရဘူး ဆိုတာမသိဘူးလားလို့ ပြောတယ်။ စက်တွေမှာ ဘတ္ထရီအိုးဒေါင်းသွားလို့ရှိရင် တခြားတစ်လုံးနဲ့ […]

,

အိတ်ဖွင့်ပေးစာ – ဒွန်ပရာမုဒ်ဝီနိုင်း..  ကျွန်တော်တို့ နိုင်ငံအရေးမှာ ဝင်မစွက်ဖက်ပါနဲ့ သင့်ကြောင့် .. ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုပြီးမဆိုးရွားပါစေနဲ့

ဇွန် ၁၈၊ ၂၀၂၃။ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဥ်နေသည့် တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို ကျွန်ုပ်တို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာ ရှုတ်ချပါသည်။ ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရအနေဖြင့် အဆိုပါ အစည်းအဝေးအား ချက်ချင်းဖျက်သိမ်းပေးရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ ယင်းသည် မြန်မာစစ်တပ်၏ တနိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ  ဆင်နွှဲကာ အာဏာ ဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာပြည်သူများ အား လုံးလုံးလျားလျား စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့တွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့ နယ်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်မှ အမျိုးသမီး (၂)ဦး နှင့် ကရင်ပြည်နယ် လယ်ဒိုမြို့မှ အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက မန္တလေးတိုင်း ဒေသကြီး မြင်းခြံထောင်မှ နိုင်ငံရေး အကျဥ်းသား (၈၀) ကျော် ရိုက်နှက်စစ်ဆေးခဲ့ပြီး ဆေးကုသခွင့်မပေးဘဲ ထောင်ဝင်စာ ၃ လပိတ်ထားကြောင်း […]

,

၂၀၂၃ ပထမ ငါးလအတွင်း နေအိမ် နှစ်သောင်းကျော် မီးရှို့ခံရ

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း နှစ်သောင်းကျော် (၂၁,၃၅၃ အိမ်) ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ငါးလအတွင်း မီးရှို့ခံရတဲ့ ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွင်း မီးရှို့ခံခဲ့ရတဲ့ အိမ် နှစ်ထောင်နီးပါး (၁,၉၄၆ အိမ်) ထက် ၁၁ ဆနီးပါး များပြားနေတာပါ။ ၂၀၂၃ ခုနှစ် ငါးလအတွင်း စစ်ကိုင်းတိုင်းထဲက အိမ် တစ်သောင်းခြောက်ထောင်ကျော် (၁၆,၆၃၆ အိမ်)၊ မကွေးတိုင်းက နေအိမ် နှစ်ထောင်နီးပါး (၁,၈၄၀ အိမ်)၊ ချင်းပြည်နယ်က အိမ် တစ်ရာ့ငါးဆယ်ကျော် (၁၆၄ အိမ်) […]