လီလီနိုင်ကျော်လုပ်ကြံမှုတွင် စွပ်စွဲခံထားရသူများကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်
လီလီနိုင်ကျော်အား လုပ်ကြံမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်း နှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့အား ဇူလိုင် ၆ ရက် ညပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်လိုက်ပြီဟု ကနဦးသတင်းရရှိသည်။ သေဆုံးခဲ့သည့် အကြောင်းအရင်းကို သက်သေခံပစ္စည်းများ လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု အကြောင်းပြသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည် ၁လခန့်ကတည်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံထားရသူများအား မြောက်ဒဂုံ (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ ၃ ချက်စီဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ သတင်းအရင်းအမြစ်များကို ကိုးကားပြီး Voice of Myanmar သတင်းဌာနက ရေးသားသည်။ […]
