Entries by ndb14

ရွှေဘိုနဲ့ ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာတာကြောင့် ဇူလိုင်လ ၁၆ ရက်မှာ ကျေးရွာ ၁၂ ရွာက အရပ်သားရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာ၊ ကျားရွာနဲ့ အင်ပင်လှရွာ၊ ခင်ဦးမြို့နယ်က တယ်ဘိုပင်ရွာ၊ ကြာပင်အိုင်ရွာ၊ တပင်ကောင်းရွာ၊ သိန်တော်ရွာ၊ ညောင်ပင်ကြီးစုရွာ၊ ကျွန်းလည်ရွာ၊ ကျွန်းဆွယ်ရွာ၊ မှန်သာရွာနဲ့ မှန်တော်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ဟာ ဇူလိုင် ၁၅ ရက်မှာ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာကနေ ခင်ဦးမြို့နယ် တယ်ဘိုပင်ရွာကို ဝင်ရောက်ခဲ့တာပါ။ ဇူလိုင် ၁၆ ရက်၊ ဒီနေ့မှာလည်း ဆက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် တယ်ဘိုပင်ရွာအနီး ကျေးရွာတွေက အရပ်သားတွေပါ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒေသခံတွေဟာ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီလ မှ ဇူလိုင်လထိ

၂၀၂၃ ဇန်နဝါရီလမှ ဇွန်လ အတွင်း စစ်အာဏာရှင်တပ်များမှ ကျုးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်း မြန်မာစစ်အာဏာရှင်တပ်မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး (၁၅)ခုတွင် လူ့အခွင့်အရေးချိုးဖောက်မှု (၁၂၂၂) ကြိမ် ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာများနှင့် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားပေါင်း (၃၀)ခု အထိ ကျုးလွန်ခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲတွင် စစ်အာဏာရှင်တပ်သားများက အရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့် အရပ်သားပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို (၂၉၂)ကြိမ်အထိ အများဆုံး ပြုလုပ်ခဲ့သည်။ ဒုတိယအနေဖြင့် စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူပိုင်အဆောက်အဦးနှင့် ပစ္စည်းများဆုံးရှုံးခြင်း (၂၈၁)ကြိမ် ရှိခဲ့သည်။ တတိယအနေဖြင့် စစ်အာဏာရှင်ကို […]

စစ်တပ်ဝင်သော ဝက်လက်မြို့နယ်တွင် သက်ကြီးနှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ကျေးရွာများကို အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းစဉ် အသက် ၆၀ ကျော် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့သည်။ ယခုလ ၈ ရက်နေ့ကတည်းက ရွှေဘိုမြို့မှ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် ထိုစစ်ကြောင်းသည် ဇူလိုင် ၁၂ တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း သာလိုင်းကျေးရွာမှ ၆၅ နှစ်အရွယ် ဦးသံချောင်းကို ပစ်သတ်ခဲ့သည်၊ ထို့နောက် အနီးရှိ သုံးဆင့်ကန်ရွာကို မီးတင်ရှို့ရာ လေဖြတ်ဝေဒနာ ခံစားနေရသော ၆၂ နှစ်အရွယ် ဦးခင်မောင်ဌေး နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့သည်။ ထွက်မပြေးနိုင်သူများ သေဆုံးခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။ “သာလိုင်းရွာက အသက် ၇၀ လောက်ရှိတဲ့ အမျိုးသားကို ပစ်သတ်သွားတယ်၊ […]

နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။       ။ ဇူလိုင် ၁၀ ရက်၊ ၂၀၂၃ခုနှစ် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပါသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းရာ ဒိုက်ဦးထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ် ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၇  ) ရက်နေ့တွင် ခန့်လင်းနိုင်(ခ) ကိုခန့် (ခ) လက်ဝဲ (ဘ) ဦးသန်းစိုးနိုင်၊ ထောင်ဝင်အမှတ်- (ပခ/၂၂/၀၀၄၃၆/က) ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ (၈) ရက်နေ့တွင် ပြည့်ဖြိုးဟိန်း (ခ) ကိုပြည့် (ဘ) ဦးကျော်ဦး၊ ထောင်ဝင်အမှတ် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဇူလိုင် (၁)ရက်မှ (၇) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွဇူလိုင်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ် မှုကြောင့် တပတ်အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှ ပြည်သူ (၁)ဦးမှာ မီးရှို့ သတ်ဖြတ်ခံခဲ့ရသည်။ ဇူလိုင်လ (၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် ပစ်သတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ(၇)ဦးကို သေဆုံးခဲ့ပြီး ပြည်သူ (၆)ဦးကလည်း ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး လက်နက်ငယ်တို့နှင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက […]

နေပြည်တော် MOGE ရုံး ဝင်စီးခံရစဉ် ညွှန်မှူးများအပါအဝင် အဖမ်းခံရသူ ၂၀ ခန့်ရှိ

ယမန်နေ့ (ဇူလိုင် ၆) က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့စဉ် ဒုတိယညွှန်ကြားရေးမှူးအဆင့်အရာရှိများ အပါအဝင် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများတွင် MOGE ၏ ဌာနခွဲများဖြစ်သော စီမံဌာနအောက်ရှိ ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်း အငယ်တန်းစာရေးများ စသဖြင့် ၂၀ ခန့် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ “ရုံးအဖွဲ့နှစ်ခုစလုံး ပါသွားတယ်။ ဘယ်ခေါ်သွားလဲတော့ အတိအကျမသိဘူး။ မနေ့ကတော့ ရုံးအမှတ် ၆ ကို ခေါ်စစ်တယ်လို့ ကြားတယ်။ ခုထိတော့ နောက်ဆက်တွဲ မသိရသေးဘူး။ အခြားဌာနကသူတွေကတော့ […]

လီလီနိုင်ကျော်လုပ်ကြံမှုတွင် စွပ်စွဲခံထားရသူများကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်

လီလီနိုင်ကျော်အား လုပ်ကြံမှု သံသယဖြင့်  ဖမ်းဆီးခံထားရသည့် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်း နှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့အား ဇူလိုင် ၆ ရက် ညပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်လိုက်ပြီဟု ကနဦးသတင်းရရှိသည်။ သေဆုံးခဲ့သည့် အကြောင်းအရင်းကို သက်သေခံပစ္စည်းများ လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု အကြောင်းပြသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည် ၁လခန့်ကတည်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံထားရသူများအား မြောက်ဒဂုံ (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ ၃ ချက်စီဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ သတင်းအရင်းအမြစ်များကို ကိုးကားပြီး Voice of Myanmar သတင်းဌာနက ရေးသားသည်။ […]

ယင်းမာပင်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာသုံးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဇူလိုင်လ ၇ ရက်က အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဇူလိုင်လ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးခဲ့သူတွေဟာ ရွာသာယာရွာက အသက်ငါးနှစ်အရွယ် မောင်ဖြိုးပိုင်၊ ရာဇကျော်ရွာက အသက် ၃၆ နှစ်အရွယ် ကိုထွန်းသိန်းနဲ့ ပျံလှည့်ရွာက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လက်နက်ကြီးထိပြီး သုံးဦးစလုံး ဆုံးသွားတာ။ စစ်ကြောင်းက သူတို့အထိုင်ချနေတဲ့ ယင်းမာပင်မြို့လယ်က အထက်တန်းကျောင်းကနေ လှမ်းပစ်တာ။ ဒေသခံတွေကလည်း သူတို့ရွာဘက်ကို စစ်ကြောင်း မလာတန်ကောင်းဘူးဆိုပြီး နေနေတာကို လူတော့မလာဘဲ လက်နက်ကြီး […]

,

စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် မင်းတပ်မှာ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာကို ဇူလိုင် ၈ရက်နေ့ မနက်က စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အသက် ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ သုံးကြိမ် တိုက်ခိုက်ပြီး ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲခဲ့တာလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။ “ကံကောင်းတာက စနေနေ့ဖြစ်နေတော့ ကျောင်းသားတွေလည်း ကျောင်းမှာမရှိဘူး၊ ရွာသားတွေကလည်း တောင်ယာသွားနေတော့ ရွာမှာသိပ်မရှိကြဘူး၊ တိုက်လေယာဉ်နဲ့ သုံးကြိမ်လာပစ်တယ်၊ ပေါင် ၅၀၀ ဗုံးအကြီးနှစ်လုံးချတယ်၊ တခြား လက်နက်တွေလည်းပစ်တယ်၊ ရွာသူရွာသားတွေကတော့ ကမ္ဘာပျက်သလို ပြေးလွှားနေရတယ်၊ အဲမှာ နို့တိုက်မိခင်တစ်ယောက်က တခြားနေရာပြေးပြီးသားကနေ သူ့ကလေးကျန်ခဲ့လို့အိမ်ပြန်အလာမှာ နောက်ထပ် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မျာ ဇွန်(၂၂)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ် ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း အရပ်သားပြည်သူများ (၉)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁၁) ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူပိုင်အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ခင်ဦးမြို့နယ်မှ ပြည်သူ(၃၅)ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားသည်။ စစ်အာဏာရှင် တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်(၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသမီး (၂)ဦးကို အဓမ္မပြုကျင့် […]