ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ရွာ ၂၅ ရွာက ဒေသခံတွေ ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတဲ့အတွက် ကျေးရွာ ၂၅ ရွာက အရပ်သားရှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ် အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဇူလိုင်လ ၂၁ ရက်ကစလို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်အထိ နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။ ရွှေလှေ၊ လက်ပံတောင်း၊ ရွာသစ်ကလေး၊ ဝဲကြီး၊ ဝဲကွဲ၊ တုံတောကျောင်း၊ တုံအလယ်ရွာ၊ တုံရွာမ၊ တုံရွာသစ်၊ တုံထန်းတော၊ တုံအလယ်တော၊ နတ်ကျွန်း၊ နတ်စက်၊ သဲကောကြီး၊ လယ်တီ၊ ရွှေကုန်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ညောင်ပင်ကိုင်း၊ သံလျက်ကိုင်း၊ အောင်ချမ်းသာ၊နှောကူးတို့၊ ထန်းပု၊ ထန်းဇင်စတဲ့ ရွာက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာနေလို့ […]
