စစ်ကောင်စီကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသေဆုံး
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) ဩဂုတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ခြောက်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးနဲ့ မီးရှို့သတ်ဖြတ်မှုကြောင့်တစ်ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအပြင် အမျိုးသမီး ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အမျိုးသမီးတွေ ဖမ်းဆီးခံရတာပါ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှု မရှိတော့ဘူးလို့ […]
