မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေကို ရုံးတင်စစ်ဆေးဖို့ အာဆီယံကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ တိုက်တွန်း
မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့တာဝန်ယူမှုတွေရှိဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း CHRO နဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ရှေ့နေတွေပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ဩဂုတ်လ ၁ဝ ရက်နေ့က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အာဆီယံရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် တည်ထောင်ဖို့၊ ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးဖို့အတွက် ဒေသတွင်းရာဇဝတ်မှုခုံရုံး ဖန်တီးဖို့နဲ့ ပြည်သူတစ်ဦးချင်းရဲ့တိုင်ကြားမှုတွေကို လက်ခံစစ်ဆေးမယ့် အဖွဲ့အစည်းတည်ထောင်ဖို့ စတဲ့ အချက်တွေကို CHRO နဲ့အတူ ဖိလစ်ပိုင်လူ့အခွင့်အရေး ရှေ့နေနှစ်ဦးနဲ့ အင်ဒိုနီးရှား ရှေ့နေနှစ်ဦး လက်မှတ်ရေးထိုးပြီး အာဆီယံကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ ရာဇဝတ်မှုတွေကို ရေရှည်လေ့လာစောင့်ကြည့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေဖို့အတွက် သီးသန့်ဆောင်ရွက်မယ့် အာဆီယံအထူးသံတမန်နေရာအတွက် အမြဲတမ်းကိုယ်စားလှယ်ရုံး ထားရှိပေးဖို့လည်း […]
