ချောင်းဦးမှာ ဒေသခံ တစ်ဦးအသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့ ဈေးထဲမှာ စင်တင်ဘာလ ၁ ရက် မနေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ပြီး အရပ်သား တစ်ဦးသေဆုံးခဲ့သလို ဈေးအနီးတစ်ဝိုက်က အနည်းဆုံး အရပ်သား ၁၅ ဦးကိုလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက် ၈ နာရီလောက်မှာ ဈေးထဲကို ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးစီးတဲ့အတွက် စည်းကမ်းမလိုက်နာလို့ဆိုပြီး ဈေးအနီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။ ဒါပေမဲ့ ဆိုင်ကယ်စီးလာသူ နှစ်ဦးကို မထိမှန်ဘဲ ဈေးထဲမှာ ဈေးဝယ်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေ ၃ နာရီလောက်မှာလည်း ဈေးထဲက အသက် ၂၀ နဲ့ ၃၅ နှစ် […]
