ရိုဟင်ဂျာအရေး ပါဝင်ဆောင်ရွက်မယ်လို့ ပြင်သစ်သမ္မတပြော
ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့ကိစ္စကို ပြင်သစ်နိုင်ငံကလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က တနင်္လာနေ့က ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံရာမှာ အခုလိုပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီပံ့ပိုးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၇ သန်းနဲ့ညီမျှတဲ့ ယူရို တစ်သန်းထပ်မံလှူဒါန်းတယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။ မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသုတ်သင်မှုတွေကို ရှုတ်ချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ပြင်သစ်နိုင်ငံ ပါဝင်ဆောင်ရွက်မယ်ဆိုတာဟာ သတင်းကောင်းဖြစ်ကြောင်း […]
