ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံ ၃ဝဝ ထိုင်းဘက်ထွက်ပြေး
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မလိဝမ်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်နေတာကြောင့် ထိုင်းဘက်ကို ဒေသခံတွေ စက်တင်ဘာ ၂၀ ရက်နေ့ကတည်းက စပြီးထွက်ပြေးနေကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စက်တင်ဘာ ၂၀ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်တာ၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ကျေးရွာထဲ ဝင်လာတယ်၊ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တယ်၊ ချောင်းဝရွာနားက ဥယျာဉ်ထဲ လက်နက်ကြီးကျတာကြောင့် တစ်ယောက်သေတယ်လို့ ကြားရတယ်၊ အခု မလိဝမ်း၊ ချောင်းဝနဲ့ အနီးအနားက ဥယျာဉ်ခြံတွေထဲ နေထိုင်တဲ့သူတွေ ထိုင်းဘက်ကို ထွက်ပြေးနေရတယ်” […]
