မန္တလေး မတ္တရာတွင် ၂ ရက်အတွင်း လူ ၄ ဦးသတ်ခံရ
မန္တလေးမြို့မြောက်ဘက်ကပ်လျက်တွင် ရှိသည့် မတ္တရာမြို့နယ်တွင် ယခုလ အောက်တိုဘာ ၂ နှင့် ၃၊ နှစ်ရက်တာ ကာလအတွင်း နိုင်ငံရေးနှင့် ပတ်သက်ပြီး အနည်းဆုံး ၄ ဦး သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကောင်စီက ဒေသခံတချို့ကို တော်လှန်ရေးသမားသံသယနှင့် သတ်ဖြတ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒေသခံတချို့ကို သတင်းပေးဒလန်ဟု ယူဆကာ သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက သဖန်းကိုင်းကျေးရွာသို့ စစ်ရှောင်လာသည့် အသက် ၄၆ နှစ်အရွယ် ဦးသန်းထွန်းကို သတ်ဖြတ်ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။ “ကိုသန်းထွန်းက လွန်ခဲ့တဲ့ ငါးရက်လောက်က စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံထားရသူပါ။ အခု သူ့အလောင်းကို ပြန်တွေ့ချိန်မှာ ရိုက်နှက်နှိက်စက်ထားပုံရတယ်၊ ပေါင်ကို ဓားနဲ့ ထိုးခံရပြီးတော့ အဲ့ဒီဒဏ်ရာကနေ သွေးထွက်လွန်သေဆုံးတာလို့ ယူဆရပါတယ်။ သူ့အလောင်းကို တွေ့ချိန်မှာ […]
