ရေဦးနဲ့ ဒီပဲယင်း အစပ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ က အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က အင်အား ၁၃၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ ဒါကြောင့် ရေဦးမြို့နယ် ရွာသာလေး၊ မူးသာကုံး၊ ကုက္ကိုစု၊ ဇိန်ဇွန်းအရှေ့၊ ဇိန်ဇွန်းအနောက်၊ ပိဋကပ်ကျအရှေ့၊ ပိဋကပ်ကျအနောက်၊ ဆယ်ကြီး၊ မုတ်စီ၊ ပေါက်တော၊ ဒီပဲယင်းမြို့နယ် ညောင်လှ၊ ဝဲကြီး၊ သရက်တော၊ လက်ယက်ကုန်း၊ မူးကတွင်း၊ မဲအိုး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဒီပဲယင်းမြို့နယ် […]
