လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၁)ရက်မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေကြီး နှင့် ကယားပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ (၁)ရက်နေ့၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး မှ ဒေသခံ ပြည်သူ (၁၁)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး (၅)ဦးကို လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅)ဦး သေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာ […]
