လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၁၅)ရက်မှ (၂၁)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၇)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှ ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရှိခဲ့သည်။ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ပြည်သူ (၇)ဦးကို စစ်အာဏာရှင် လက်အောက်ခံ ခရိုင်တရားသူကြီးမှ သေဒဏ် ချမှတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ […]
