အောက်တိုဘာလအတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရဟု BWU ထုတ်ပြန်
အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီးထောင်ချခံခဲ့ရ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအမျိုးသမီးတွေထဲက တစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာ သေဆုံးခဲ့ပြီး ကျန် တစ်ဦးကတော့ မိုင်းနင်းမိလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီး ဆယ်ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်းနဲ့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ […]
