လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊နို၀င်ဘာလ (၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ နိုဝင်ဘာလ (၈)ရက်မှ (၁၄)ရက်နေ့ အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၅)ဦးကျော် သေဆုံးခဲ့ရပြီး (၁၀)ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ မြို့နယ်(၈) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် […]
