လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊နို၀င်ဘာလ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ နိုဝင်ဘာလ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ရာတွင် ဓာတုအဆိပ်ဗုံးနှင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ အသုံးပြုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ ဂြိုဟ်တုဆက်သွယ်ရေး အသုံးပြုလျှင် အရေးယူမည်ဟု စစ်အာဏာရှင် လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ စစ်အာဏာရှင် တပ်သားများက မန္တလေးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး အရပ်သားပြည်သူ လူငယ်များကို ငွေကြေးတောင်းခံခြင်း […]
