၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အတွင်း စစ်အာဏာရှင်တပ်မှ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချ သတ်ဖြတ်မှုများ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတန်း (UDHR) ၇၅ နှစ်ပြည့်နေ့ ဖြစ်သည်။ သို့သော် လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ တိုင်းပြည်အချုပ်အခြာအာဏာကို အတင်းအဓမ္မလုယူခဲ့ ပြီးနောက် ယခင်ကတည်း က ဆိုးရွားနေသည့် လူ့အခွင့်အရေးအခြေအနေသည် ပို၍ စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိလာသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတန်း အပိုဒ် (၃) မှ (၇) အထိသည် လူသားတိုင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းပိုင်ခွင့်၊ ကျွန်ပြုခြင်း မရှိစေရန်၊ ညှဥ်းပန်းနှိပ်စက်ခြင်း မခံရစေရန်၊ ဥပဒေရှေ့မှောက်တွင် ညီတူညီမျှ ခံစား၊ ကာကွယ်ပိုင်ခွင့်များကို ဖော်ပြ ထားသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက် […]
