လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ဆယ်ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ဆယ်ဦး သေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာမှာ ဒီဇင်ဘာ ၂၈ ရက် ည ၉ နာရီခန့်က စစ်ကောင်စီ တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာ အိပ်ပျော်နေတဲ့ ရိုဟင်ဂျာ ကလေးသုံးဦး အပါအဝင် တစ်မိသားစုတည်းကနေ မိသားစုဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် မိသားစုဝင် တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် ဦးဇာဖောရ်၊ အသက် […]
