စစ်ရာဇဝတ်မှုနဲ့ စစ်ကောင်စီကို စစ်ဆေးသင့်ကြောင်း AI တိုက်တွန်း
မြန်မာစစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က ဒီဇင်ဘာ ၂၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီက ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေကို လေကြောင်းကကြဲပြီး တရားလက်မဲ့ သတ်ဖြတ်တာ၊ အရပ်သားတွေကိုလည်း ဖမ်းဆီးတာတွေရှိနေတယ်လို့ AI က စွပ်စွဲပြီး ဒါတွေကို စစ်ဆေးဖို့တိုက်တွန်းတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ လေကြောင်းကနေ ဒီဇင်ဘာလဆန်းက ညဘက်မှာတိုက်ခိုက်ချိန်တုန်းက နိုင်ငံတကာကတားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲဗုံး သုံးနိုင်ဖွယ်ရှိတယ်လို့ AI က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေက Cluster ဗုံးတွေကို လေကြောင်းကနှစ်ကြိမ်ကြဲချတဲ့အတွက် အရပ်သားတစ်ယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရတဲ့အကြောင်းနဲ့ အိမ် […]
