လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဒီဇင်ဘာ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ ပြည်သူ (၇)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်နှင့်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ထောင်တို့မှ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံရသော နိုင်ငံရေးအကျဉ်းသား (၂)ဦးသည် လုံလောက်သော ဆေးကုသခွင့် မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ဦးကျော် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာ […]
