လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ (၁)ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ(၅)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တပတ် အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရသည်။ မကွေးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသူ တဦး ဆေးကုသခွင့် လုံလောက်စွာ မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ကျော် […]
