တောင်ငူနဲ့ သံတောင်ဒေသက ရွာတွေမှာ စစ်ကောင်စီ တပ်သားစုဆောင်းနေ
ပဲခူးတိုင်း၊ တောင်ငူနဲ့ သံတောင်ဒေသကရွာတွေမှာ ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်သူ့စစ်ထဲဝင်ရမဲ့သူတွေကို မဲနှိုက်ရွေးချယ် စုဆောင်းနေတာလို့ ဆိုပါတယ်။ မဲပေါက်သူတွေထဲက ပြည်သူ့စစ်ထဲ မဝင်လိုသူတွေထံကနေ တစ်ဦးကို ကျပ်ငါးသိန်းကနေ ကျပ်ရှစ်သိန်းထိတောင်းနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တစ်ရွာချင်းစီကိုစစ်တပ်ကအရပ်ဝတ်တွေရောယူနီဖောင်းဝတ်ရောရောက်လာကြပြီးအစည်းအဝေးခေါကြတယ်လို့သိရတယ်။ သဲဖြူကုန်းမှာလည်း အသက် ၅၃ အိမ်ထောင်သည် ဦးလေးကြီးလည်း မကျန်းမာလို့ဆိုပြီး သားတစ်ယောက်အစားထည့်ရမှာ သားတွေမရှိဘူးဆိုလို့ ၈ သိန်းပေးရတာတဲ့” ပြည်သူ့စစ်ထဲဝင်ရောက်ဖို့စုဆောင်းမှာကိုကြောက်ရွံ့လို့ ဒေသခံအမျိုးသားတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦးကတော့ ဒေသခံတွေ ကိုယ့်ရပ်ရွာကို […]
