မအူပင် ရေကာတာကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း မအူပင် ရေကာတာကျေးရွာမှာ ဂိတ်ထိုင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရှမ်းနီတပ် (SNA) ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီကျော်လောက်မှာ လာရောက်တိုက်ခိုက်ပြီးနောက် နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ “မနက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကထန်ယန် – လွယ်ဆိုင်ဘက်က တက်လာတဲ့တပ်တွေလို့ ပြောတယ်။ ရှမ်းနီတွေလည်းပါတယ်။ ရွာမီးရှို့တာ ၁၂ အိမ်ပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ မအူပင်ရေကာတာကျေးရွာက အိမ်ခြေ ၂၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၂ အိမ်က မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။ “KIA စစ်သားတွေကတော့ ကျေးရွာဘက်ကို အထိမခံချင်ကြဘူးလေ။ သူတို့ဆုတ်တာနဲ့ စစ်တပ်နဲ့ […]
