ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ
လွန်ခဲ့သောနှစ် မေလနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အပါအဝင် အကျဉ်းသား ၃၇ ဦးကို ရန်ကုန်အနီး ပဲခူးတိုင်းမှ ဒိုက်ဦးအကျဉ်းထောင်ရှိ ၎င်းတို့တိုက်ခန်းများမှာ ဆွဲထုတ်သွား ပြီးနောက် ပျောက်ကွယ်သွားသည်။ ထိုသို့ ပျောက်ကွယ်သွားခြင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အကျဉ်းသားများ အများဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့နောက် စစ်ကောင်စီက အကျဉ်းသားအုပ်စုတစုကို “ထောင်ပြောင်းရန်” ခေါ်ဆောင်ခဲ့ကြောင်းနှင့် ထိုအကျဉ်းသားများသည် လမ်းတွင် ထွက်ပြေးရန်ကြိုးစားစဉ် သေဆုံးသွားကြောင်း မိသားစုအချို့ကို အကြောင်းကြားသော်လည်း အလောင်းများကို ပြန်လည် ပေးအပ်ခြင်း မရှိပေ။ ထိုအကျဉ်းသားများ သေဆုံးရသည့် အကြောင်းသည် လိမ်ညာမှုဖြစ်သည်ဟု မိသားစုများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် သုတေသီများက ပယ်ချခဲ့သည်။ ဧရာဝတီ သတင်းဌာနသည် ဒိုက်ဦးထောင် […]
