လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မတ်လ(၂၂)ရက်မှ (၃၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မတ်လ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ရဲစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ အကျဉ်းထောင်တို့တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသား များကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင့် ၁ဦး သေဆုံးခဲ့ရပြီး ၁၈ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ […]
