မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးလာသော စစ်တပ်က သားဖြစ်သူ လူငယ်များကို မျက်စိ ရှေ့တင် နှိပ်စက်သတ်ဖြတ်ခဲ့ဟု ဖခင်ဖြစ်သူ ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့က ပြောဆို
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးသွားကြသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့၏ သားများကို မျက်စိရှေ့ တင် နှိပ်စက်ညှင်းပန်းကာ ပစ်သတ်လိုက် ကြောင်း ရခိုင့်တပ်တော်၏ ကယ်ထုတ် မှုကြောင့် လွတ်မြောက်လာသော စပါးထားရွာသား ဖခင်များဖြစ်ကြသည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်း မြင့် တို့က ပြောကြားသည်။ မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသောအ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရချိန် ရက္ခိုင့်တပ်တော်က ကယ် တင်၍ အသက်ရှင်လွတ်မြောက်လာခဲ့ရသူ ဖခင်ဖြစ်သူ ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့က ယင်းသို့ ပြောဆိုကြခြင်းဖြစ်သည်။ မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးသွားသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်း၌ တွေ့ရှိသည့် ပြည်သူများကို […]
