မြန်မာမှာ နိုင်ငံတကာရာဇဝတ်မှု သက်သေအထောက်အထားတွေ တိုးလာနေ
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစတဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ သက်သေအထောက်အထားတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီနေ့ပြောဆိုလိုက်ပါတယ်။ ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့(IIMM) က ကြိုးပမ်းနေတာဖြစ်ပြီး၊ အဖွဲ့အစည်းအသီးသီးကနေ ပေးပို့လာတဲ့ အချက်အလက်ပေါင်း ၂၈ သန်းနီးပါး ရရှိထားတယ်လို့ ဆိုပါတယ်။ IIMM အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို လာမယ့်လမှာ နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အာဂျင်တီးနားတရားရုံးအပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေကို ပေးပို့သွားမယ်လို့လည်း ပြောထားပါတယ်။ IIMM အဖွဲ့ခေါင်းဆောင် နီကိုလတ်စ်ခွန်ဂျန်က “ကျူးလွန်သူတွေဟာ သူတို့လုပ်ရပ်အတွက် တာဝန်ယူဖြေရှင်းရလိမ့်မယ်” လို့ ပြောပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ လေကြောင်းသုံးတိုက်ခိုက်မှု၊ […]
