လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၂၂)ရက်မှ (၃၀) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၂)ရက်မှ (၃၀)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ (၂၂)ရက်နေ့မှ (၃၀)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စစ်အာဏာရှင်တပ်သား များက ပြည်သူများကို စစ်မှုထမ်း အပတ်စဉ်(၂) အတွက် အတင်းအကြပ် ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံ ခြင်း များ ပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင် တပ်သားများက မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် […]
