လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မေလ(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ မေလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မေလ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် နှင့် စစ်ကိုင်း တိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်တို့တွင် စစ်အာဏာရှင်တပ်၏ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုကြောင့် ပြည်သူ (၂၀) ကျော် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ဒေသခံ ပြည်သူ (၃၀)ကျော်ကို […]
