အိန္ဒိယဘက် ဝင်လာသူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးစေလိုတယ်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ထောင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ ပါဝင်ကာ ထောင်တွင်း၌ပင် မီးဖွားရသည့် အမျိုးသမီးများလည်း ရှိသည်။ မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာမှ ထွက်ပြေးလာသူများကို ယာယီခိုလှုံခွင့် ပေးသော်လည်း ကသည်းနှင့် ကူကီးလူမျိုးတို့ကြား ပဋိပက္ခဖြစ်ထားသည့် မဏိပူရ်ပြည်နယ်တွင်မူ မြန်မာနိုင်ငံမှ ဝင်လာသူများအား ဖမ်းဆီးထောင်ချထားသည်။ ထိုသို့ ဖမ်းဆီးထောင်ချခံခဲ့ရသူများထဲမှ ပထမဆုံးအသုတ်အနေဖြင့် အမျိုးသမီးနှင့် ကလေးငယ် ၃၈ ဦးကို အိန္ဒိယ ဘက်က မိုရေး-တမူးနယ်စပ်မှတဆင့် မေ ၂ ရက်တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ သို့သော် မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင် မလွတ်မြောက်သေးသည့် မြန်မာနိုင်ငံသားများ ရှိနေသေးရာ ၎င်းတို့ အခြေအနေ အပါအဝင် မြန်မာပြည်မှ […]
